[18]

1.5K 270 3
                                    

[Unicode]

အခန်း(၁၈): ဖက်ထုပ်ဖြူဖြူ​လေး


"သခင်​လေး....ဒီအ​စေခံကို ညွှန်ကြားစရာ ရှိသေးလား?”
စန်းရှီ ခေါင်းငုံ့ထားရင်း စကားကို ဂရုတစိုက်ပြောလိုက်သည်။
ဝမ်မင်ယွီ တိကျပြတ်သားသော အမူအရာဖြင့် ကျောက်စိမ်းတုံးပေါ်တွင် သပ်ရပ်စွာ ထိုင်နေလေသည်။ သူသည်ကား မွေးရာပါ တော်ဝင်မျိုးနွယ်ဝင် ဂုဏ်သ​ရေရှိ သခင်​လေးတစ်ဦးဖြစ်သကဲ့သို့ပင်။သူ ပြတ်ပြတ်သားသားပြောခဲ့သည်–"မရှိဘူး။ဘာမှ စိတ်မပူနဲ့။ငါ တစ်ယောက်တည်းနေချင်တယ်။"

"ဟုတ်ကဲ့ပါ သခင်​လေး”

စန်းရှီသည် သူ့သခင်​လေးက အနှောက်အယှက်ကင်းကင်းနဲ့အေးအေးဆေးဆေးစာဖတ်ပြီး သူ့ရဲ့အိမ်စာ​တွေကို လုပ်​ချင်​နေတယ်လို့ ယူဆကာ သူ ခေါင်းညိတ်ပြီး ပြန်ထွက်သွားခဲ့သည်။ သူ တံခါးဝမှ ထွက်သွားသည်နှင့်တပြိုင်နက် ဝမ်မင်ယွီတစ်​ယောက် ပက်လက်လန်ကာ ကုတင်ပေါ်သို့ ပစ်လှဲချပြီးခြေထောက်တစ်ဖက်ကလည်း ကြမ်းပြင်ပေါ် အ​ကြောင်းအရင်းမရှိ လွှဲနေမှန်း ဘယ်သူက ခန့်မှန်းမိမှာလဲ?အနှီကား သေ​နေတဲ့ငါးဆားနူတစ်​ကောင်လိုပင်။ ပင်ပန်းနွမ်းနယ်မှုကြောင့် သူ့မျက်လုံးထဲတွင် ရှိ​နေမြဲ ပုံမှန်မဟုတ်သည့် တောက်ပမှုလေးပင် မှေးမှိန်သွားသည်။

'ဘယ်လောက်အထိ ပြေးနိုင်လဲ ကြည့်ရအောင်!'

ဝမ်မင်ယွီ ဒီစကားတွေကို ပြန်စဥ်းစားမိ​တော့ အေးစက်စွာ နှာမမှုတ်ဘဲ မ​နေနိုင်။ အထူးသဖြင့် ချော့မော့နေတဲ့လေသံမျိုးနဲ့ ပြောနေတဲ့ ခွေးကောင်အ​ကြောင်းကို​ စဥ်းစားမိရင်ပေါ့။

ပြေးရမယ်!ဒါ သိသာနေတာကြီး။ဘယ်လိုလုပ် ပြေးနိုင်မှာလဲ။ငါ မပြေးနိုင်ဘူးလို့ ခင်ဗျား ပြောတယ်။ဒါဆိုရင် ခင်ဗျားကို သက်​သေပြမယ်။မဟုတ်ရင် ခင်ဗျားကြောင့်နဲ့ သေ​လောက်​အောင် ဒေါသထွက်​နေရမှာ။

ဝမ်မင်ယွီသည် မုကျန်းရှေ့ဆို  ချိုမြိန်တဲ့ သကြားခဲ​လေးကဲ့သို့သော သခင်​လေးပုံစံမျိုးနှင့် လုံးဝမတူစွာ သူ့ခြေထောက်တွေကို ပြင်းပြင်းထန်ထန် ကန်ထုတ်လိုက်သည်။ယင်းအစား သူကား ဖီဆန်နေတဲ့လေထုကိုပင် ထုတ်လွှင့်နေသည်။

ဧကရာဇ်ကြီးရဲ့ အနှစ်သက်ဆုံး ကိုယ်လုပ်​တော်​လေးက အိုတစ်​ယောက်ပဲ||မြန်မာဘာသာပြန်||Where stories live. Discover now