(🆉)
ကျွန်တော်တို့စတွေ့တဲ့နေ့လေး..
ပန်းရောင်းနေတဲ့ကောင်လေးတစ်ယောက်နားကို ကောင်မလေးတစ်ယောက်ရောက်လာတယ်..
"ဒီကမောင်လေး အစ်မကိုတစ်ခုကူညီပေးပါလား..?"
"ဘာကိုကူညီပေးရမှာလဲဗျ.."
"အဲ့တာက.."
ဒီနားကိုကပ်ဆိုတဲ့ပုံစံလုပ်ပြတာမလို့ အနားသွားကပ်လိုက်တော့ ပြောပြတဲ့အကြောင်းအရာကြောင့် မျက်လုံးပြူးသွားရသည်။
"ဗျာ.!?ဟာ အစ်မရာ မလုပ်ပါရစေနဲ့ မကောင်းပါဘူး.."
"ကူညီပေးပါ အစ်မဒီပန်းတွေအကုန်ဝယ်မယ်လေနော်..နော်.."
ပန်းတွေဝယ်မယ်ဆိုတော့ အရောင်လတ်သွားတဲ့မျက်လုံးလေး...
အင်း..ဒီကောင်လေးက လှတာထပ်ပိုတဲ့ ကောင်လေး...ဒီကောင်လေးကိုတွေ့ရင် သူ့ကိုကိုက စိတ်ဝင်စားသွားအုံးမှာအသေအချာ...
ကိုကို့ဘက်ကစလိုက်တဲ့သူမရှိဖူးဘူး သူတို့မိန်းကလေးတွေကသာ အရမ်းသဘောကျလို့ စလိုက်ခဲ့တာ ကိုကိုက မငြင်းပဲ တွဲပေးပါသည်။
ဒီကောင်လေးကိုကျဘယ်လိုတုံ့ပြန်မလဲဆိုတာ သူအရမ်းသိချင်ပါသည်။
သူမမှာလည်း တကယ်ချစ်ရတဲ့သူရှိနေပြီမလို့ ထိုပန်းသည်လေးကိုပဲ အကူအညီတောင်းလိုက်ခြင်း..
Taehyungအနည်းငယ်စဉ်းစားလိုက်သည်။ဒိစကားလေးပဲသွားပြောရမှာလေ ၊ စကားလေးပြောရုံနဲ့ သူ့ပန်းတွေဝယ်မယ်ဆိုတော့ နည်းတဲ့အခွင့်အရေးမှမဟုတ်တာ...
"ဟုတ် ကျွန်တော် ကူညီပါ့မယ်"ဆိုပြီးပြောခဲ့တာ..
အဲ့နေ့ကသာ သူမကူညီခဲ့ရင်တောင် အကောင်းသား.။ကူညီခဲ့လို့ ထိုသူနဲ့တွေ့ပြီး ချစ်ကြိုက်ခဲ့တာမလား...နောက်ဆုံး သူပဲကျန်ရစ်ခဲ့တာလေ..Jungkookတစ်ယောက် သူ့ရဲ့ကောင်မလေးက တွေ့ရအောင်ဆိုပြီး ချိန်းလို့ သူမတို့ရပ်ကွက်ရဲ့ လက်ဖက်ရည်ဆိုင်မှာ ထိုင်စောင့်နေသည်။
ကောင်မလေးဆိုပေမဲ့ ချစ်လာဆိုတော့ ဟင့်အင်း..မချစ်ဘူး..
သူ့ကိုလာကြိုက်တဲ့ကောင်မလေးတွေကို သနားလို့ တွဲပေးခြင်း..
YOU ARE READING
My Life{Completed}
FanfictionJeon Jungkook & Kim Taehyung "Taeအတွက် အဖိုးတန်လေးတွေကိုတော့ ချန်ထားပေးလို့ကျေးဇူးတင်ပါတယ် Jungkook..." "ဟန်ဆောင်တဲ့စကားတွေကြားမှာ ကိုယ်နှလုံးသားငိုကြွေးနေတာကို Taeမြင်နိုင်ရင်သိပ်ကောင်းမယ်" "Taeအတှကျ အဖိုးတန်လေးတွေကိုတော့ ချန်ထားပေးလို့ကျေးဇူးတင်ပ...