Epi-1

10.7K 402 13
                                    

(🆉)

ညည့်နက်နေတဲ့အချိန် လူသွားလူလာ နည်းသွားတဲ့အချိန် ည9နာရီလောက်မှာ...

ဆောင်းတွင်းရာသီဥတုကြောင့် အေးချမ်းနေတဲ့အချိန် Bus ကားမှတ်တိုင်ကို မပြေးယုံသွားနေရတဲ့ ကောင်လေးတစ်ယောက်..

လသားအရွယ်ကလေးလေးတစ်ယောက်ကို အနောက်မှာပိုးထားပြီး
အရှေ့ဘက်မှာလည်း ထိုကလေးလေးအရွယ်ကလေးလေးတစ်ယောက်ကိုချီကာ မြန်မြန်လျှောက်နေရသည်။

"အဲ့..အူး.ဝါး.."

"ကျွတ်ကျွတ်..မငိုပါနဲ့..Paသားလေးရယ်..ဟင့်.."

မငိုပါနဲ့လို့ပြောနေပေမဲ့ သူကိုယ်တိုင်ကလည်း မျက်ရည်တွေကျနေရသည်။

သားငယ်လေးက ဒီနေ့ကြမှ အပျင်းဖျားတာမလို့ သူ့မှာ သေချာပြုစုပေးသော်လည်း စူးစူးဝါးဝါးသာအော်ငိုနေတဲ့ သားလေးကြောင့် သူရင်တွေကွဲနေရပါပြီ...

အနောက်မှာပိုးထားတဲ့ သားကြီးလေးကို ချိုလိမ်လေးကိုသာစုပ်ခိုင်းထားတာကြောင့် အလိုက်သိစွာငြိမ်နေလေရဲ့..

Busကားမှတ်တိုင်ကိုရောက်တော့လည်း တစ်ယောက်မှမရှိတော့ ကားတွေကလည်း သွားလာတာနည်းနေလေပြီ..

ထိုမှတ်တိုင်နားမှာပဲထိုင်ကာ သားငယ်လေး..Jeon Taebunလေးကိုချော့မြူရတော့သည်။

"..အူးဝါး..ဗြဲ.."

"တိတ်ပါတော့ကွယ်.အို့အို့..

You are my sunshine~~..my only..sunshine..~~you..make..me..happy..~~."

သီချင်းလေးနဲ့ချော့မြူရင်း အနွေးထည်အောက်က အကျီလေးကို..လှန်ကာ အာဟာရဖြစ်တဲ့ သူ့ရဲ့ဖောင်းနေသော နို့စူစူလေးကို တိုက်တော့ တစ်ပြွတ်ပြွတ်စုပ်ပြီး..တစ်ချက်အငိုရပ်သွားသည်။

အငိုရပ်သွားပေမဲ့ ကလေးငယ်လေးဟာ ရှိုက်နေတုန်း..

သူ့မှာလည်း သီချင်းမြူရင်း အသုံးမကျတဲ့မျက်ရည်တွေကကျလာပြန်သည်။

သားငယ်လေးကို သူဝတ်ထားတဲ့ အနွေးထည်လေးနဲ့ပတ်ပေးပြီး နို့ချိုတိုက်ကျွေးနေသည်။

ဟုတ်တယ်..သူကနို့တိုက်လို့ရတယ်...တခြားသူတွေသာမြင်ရင် အံ့သြရွံရှာသလိုကြည့်မှာဆိုပေမဲ့..

My Life{Completed}Where stories live. Discover now