Epi-27

4.1K 174 12
                                        

(🆉)

"အဆင်ပြေပါ့မလား ငယ်လေးရယ်.."

"ပြေပါတယ် နော် တစ်ခန်းထဲ အတူနေပါရစေ "

"ဆရာဝန်ကို ပြောကြည့်မယ်လေ ရရင်တော့ ဒီမှာပဲနေလိုက်ပေါ့ "

"ဟုတ် "

ဗိုက်ကြီးသည်လေးဟာ သူ့ယောကျာ်းနဲ့ပဲ အတူနေမယ်လို့အတင်းပူဆာတာကြောင့် စိတ်ကျေနပ်အောင် ဖြောင်းဖြထားရတယ်..

ချွေးအနည်းငယ်စို့နေတဲ့ Jungkookမျက်နှာလေးနဲ့ လက်ဖုဝါးလေးကို ရေဘတ်ဝတ်နဲ့ သေချာတိုက်ပေးနေသည့် Taehyung..

အင်္ကျီကြယ်သီးကိုဖြုတ်ကာ ရင်ဘတ်ဖွေးဖွေးကိုလည်း တိုက်ပေးနေပြန်သည်..။

"မြန်မြန်နိုးလာမှဖြစ်မယ်နော် ကလေးတွေအတွက် ကာတွန်းရုပ်ရှင်ပြရဦးမယ်လေ.."

"Jungkook Taeကြိုက်တဲ့ ကာတွန်းကား အကြောင်းပြောပြမယ်နော်..နားထောင်မလားဟင်..Taeပုံပြင်လိုမျိုးပြောပြမှာမလို့ သေချာနားထောင်နော်.."

"Ferdinand​လေ သိတယ်မလား..?bullလေးလေ Jungkookက နွားနှစ်မှာမွေးတာဆိုတော့ Taeက အဲ့အကြောင်းလေးပြောပြမလို့..."

(Bull=နွားထီး ၊ နွားသိုးကြီး)

"Ferdinandက နွားရိုင်းတစ်ကောင်အဖြစ်မွေးဖွားလာတဲ့ ကောင်လေးပေါ့..သူက ငယ်ငယ်လေးကတည်းက ပန်းကိုမြတ်နိုးပြီး ကြင်နာတတ်တယ် ပန်းရဲ့ရနံ့ကိုအရမ်းကြိုက်တာ သူက တိုက်ခိုက်ဖို့အတွက်မဟုတ်ပဲ အချစ်ကြောင့် မွေးဖွားလာတာ..အကြိုက်ဆုံးစကားလုံးလေးကလေ

Built To Fight
Born To Love တဲ့..

လူတွေက သူ့ကိုမြင်တာနဲ့ ကြောက်ကြတာ အန္တရာယ်ပေးတဲ့ နွားသိုးလို့ပဲ ထင်ကြတာ..နှလုံးသားနဲ့ကြည့်ရင် သူကဘယ်လောက် နူးညံ့ပြီး သနားကြင်နာတတ်သလဲဆိုတာကို တွေ့ကြရမှာကို.

..."

မေ့မျောနေဆဲဖြစ်တဲ့ Jungkookဘေးနားမှာ ထိုင်ကာ ဗိုက်ထဲကကလေးအတွက်ကော Jungkookအတွက်ကော ရှင်းပြနေမိသည်..။

Jungkookကို အခုလိုမျိုး ခဏခဏစကားပြောပေးတာ အဆင်ပြေလိမ့်မည်ဆိုတာ သူသိသည်..။သူ့အသံကြားရင် Jungkookက မြန်မြန်နိုးလာလိမ့်မယ်လို့ ယုံကြည်တာကြောင့်ပင်..

My Life{Completed}Where stories live. Discover now