Epi-31

4.7K 184 36
                                    

(🆉)

မနက်နေတော်တော်မြင့်မှနိုးလာတဲ့ Jungkook. ရင်ခွင်ထဲမှာတော့ ချစ်ရတဲ့ ဗိုက်ပူလေးကို ထည့်ဖက်ထားပြီး အမွှေးနုနုနဲ့သွေးကြောစိမ်းလေးတွေ ရောယှက်နေတဲ့ ဂုတ်ပိုးဖွေးဖွေးလေးကို တစ်ရှူးရှူးနမ်းနေတော့သည်..။

ပြီးရင် သူ့နှစ်သက်ရာဖြစ်တဲ့ ဗိုက်ပူပူလုံးလုံးလေးကို အခုလိုအနောက်ကနေဖက်ထားပြီး ဖွဖွပွတ်သတ်ပေးနေရတာလည်း အလုပ်တစ်လုပ်..။

ညက သူနည်းနည်းများသွားတာကြောင့် Taeပုစိအတွက် သူစိုးရိမ်ပါသည်..။လနုသေးလို့တော်သေးတယ်ပြောရမယ်..။

ဘယ့်နဲ့ အရင်တုန်းကတော့ ကိုယ်ဝန်ရှိလို့ စည်းစောင့်ခဲ့တာကို မထင်မှတ်တာတွေဖြစ်သွားတော့ အလွမ်းဓာတ်နဲ့ ဤလူသားပူပူလေးကို နာကျင်စေမိသည်..။

ရှေ့လျှောက် ဒီထပ်ပိုပြီး ဂရုစိုက်ပေးရတော့မှာပေါ့...

နှာခေါင်းနဲ့ ခွေးပေါက်လေးလို တစ်ရှုံ့ရှုံ့လိုက်နမ်းတော့ လှုပ်ရွလာတဲ့ လူသား..

"အင်း..~"

အသံသေးသေးလေးနဲ့အတူ လက်တစ်ဖက်က ဖက်ခနဲ သူ့လက်မောင်းနားရောက်လာသည်။ မျက်လုံးမဖွင့်သေးပဲ လက်နဲ့လိုက်စမ်းနေသေးသည်..။

ထိုစမ်းနေတဲ့ လက်ကလေးကို ကိုင်ကာ လက်ဖုဝါးလေးအား တစ်ပြွတ်ပြွတ်မွှေးတော့ ယားလို့ထင် ရယ်သံတစ်ခစ်ခစ်နဲ့ လက်ကို ပြန်ရုတ်သည်..။

လည်ပင်းနား မျက်နှာအပ်ကာ တစ်ရှူးရှူးနမ်းတော့ ကလေးတွေလို နို့နံ့သင်းသင်းရသည်..။

"အဟွင်းဟွင်း.."

ရယ်သံနှင့်အတူ လည်ပင်းနား နမ်းကာ Jungkookက ကျီစယ်တော့ ကလေးလေးတစ်ယောက်လို တစ်ခစ်ခစ်ရယ်ပြီး သူ့ခေါင်းကို လက်နဲ့တွန်းထားသေးတယ်.၊ ဒီအားလေးနဲ့ဗျာ..

"Arr..Boo!..Booo.!"

ကလေးတွေကို ကျီစယ်ရင် ထွက်တဲ့အသံလေးကို Jungkookကထွက်ပြီး Taehyungပေါက်စလေးကို တစ်Boo booကျီစယ်တော့သည်..။

"ခစ်ခစ်..ဟဟ ဟွန်အွန်း ယားတယ်.."

..အား..ဘယ်လိုအသံလေးနဲ့ပြောနေတာလဲကွာ..အချစ်ရယ်..

My Life{Completed}Where stories live. Discover now