(🆉)
တေးဆိုငှက်လေးတွေရဲ့ တစ်ကျီကျီအော်သံနှင့်အတူ ပျင်းရိစွာ နိုးထလာတဲ့ Tae...
လက်မောင်းကြီးကြီးရင်ခွင်ကျယ်ကြီးထဲ အသက်ရှူကြပ်မတက် တင်းတင်းကြပ်ကြပ်ဖက်ခံထားရတာကြောင့် ထိုသူက ဘယ်သူလဲ ဆိုတာ မော့ကြည့်စရာမလို..
...လူကို သူ့အားကြီးနဲ့ဖိထားတာ..ဒီက သူနဲ့မနေချင်ပဲ ထွက်ပြေးတဲ့သူကျနေတာပဲ..
ရုန်းထွက်လိုက်ကာ ထထိုင်ပြီးကြည့်တော့ ပက်လက်လှန်ကာ အိပ်ပျော်သွားပြန်တဲ့ Jk..
သူတစ်ချက် ရယ်လိုက်ကာ..Jkရဲ့ ဗိုက်ပေါ်တက်ထိုင်တော့လည်း နိုးမလာ..ပါးစပ်ကလည်း ဟနေပြီး ယုန်သွားကြီးကြီးနှစ်ချောင်းကပါ ထွက်နေသည်..။
နာရီကိုကြည့်တော့ မနက်7နာရီ. အလင်းရောင်နည်းနည်းဝင်နေပြီမလို့ အောက်ဆင်းကာ လိုက်ကာကို ဆွဲဖွင့်ပြီးတာနဲ့ Jungkookပေါ်ထပ်ပြီး ထိုင်နေလိုက်သည်..။
သမီးလေးကလည်း မနိုးသေးတာမလို့ သူကြိုက်သလို Bunny 1ကြီးကို ကလိလို့ရတယ်လေ..
ဆံပင်ကိုသပ်တင်ပေးလိုက်ကာ နဖူးပြင်ကြီးကို နုတ်ခမ်းစူပြီး နမ်းလိုက်သည်..။
နောက်တော့ ပန်းရောင်သန်းနေတဲ့ မျက်ခွံ ၊ ပါးပြင်နှစ်ဖက် ၊ နှာခေါင်း ၊ မေးစေ့ ၊ အပေါ်နုတ်ခမ်းအောက်နုတ်ခမ်း စသဖြင့် မျက်နှာတစ်ပြင်လုံးကို မွှေးတော့မှ နိုးလာတဲ့ Jk..
သူJk နားရွက်ကို တတိတိကိုက်တော့ Jkရယ်သံကိုကြားလိုက်ရသည်.။
"မနက်စောစော ကလိနေတာ ဘယ်ကောင်လေးလဲ..?"
"Daddy ကောင်လေးပါ.."
"ဘာ.ဘာ? Daddy ဟုတ်လား..?ဒီကလေးတော်တော်ဆိုးနေ "
ပြောဆိုချက်နဲ့အတူ တင်ပါးလုံးလုံးလေးကိုပါ ဖက်ခနဲ နှစ်ချက်လောက် ပုတ်ပေးနေသည်.။
Jkထိုင်ပြီး ပါးပြင်လေးကိုမွှေးကြူလိုက်ကာ ခါးသေးသေးလေးကို ဖက်ထားလိုက်သည်..။
Taeက Jkရဲ့ မျက်နှာကိုကိုင်ကာ အစိတ်အပိုင်းတစ်ခုချင်းစီ ပွတ်သပ်ပေးနေပြီး ချစ်မြတ်နိုးချင်းတွေစီးဝင်နေတဲ့ အကြည့်နဲ့လိုက်ကြည့်နေတော့ Jkတောင် မနေတတ်တော့ပေ..။
![](https://img.wattpad.com/cover/329152165-288-k352811.jpg)
YOU ARE READING
My Life{Completed}
Hayran KurguJeon Jungkook & Kim Taehyung "Taeအတွက် အဖိုးတန်လေးတွေကိုတော့ ချန်ထားပေးလို့ကျေးဇူးတင်ပါတယ် Jungkook..." "ဟန်ဆောင်တဲ့စကားတွေကြားမှာ ကိုယ်နှလုံးသားငိုကြွေးနေတာကို Taeမြင်နိုင်ရင်သိပ်ကောင်းမယ်" "Taeအတှကျ အဖိုးတန်လေးတွေကိုတော့ ချန်ထားပေးလို့ကျေးဇူးတင်ပ...