Epi-32

4.4K 181 21
                                    

(🆉)

Taehyungမွေးခါနီးထိ အချိန်တွေကုန်လာပေမဲ့ Jungkookကို သူ့အဖေကြောင်း ဘာတစ်ခုမှ မပြောခဲ့ပါ..။

မသိစေချင်ပေမဲ့ Jungkookကို မေးကြည့်ရမည်..။အကယ်၍သူ့အဖေဘာဖြစ်သွားသလဲ မေးလာခဲ့ရင်တော့ ပြောပြဖို့ဝန်မလေးပါ...။

Jungkookက မသိချင်ဘူးဆိုရင်တော့ သူလည်း နောက်ဆုံးထွက်သက်ထိကို မပြောတော့ဘူးဟု တွေးထားသည်..။

အဲ့လူကြီးအကြောင်းကို လုံးဝပေးမသိစေချင်ပါ..။ဒါပေမဲ့ သတင်းမှာတော့ ပွက်လောရိုက်သွားခဲ့သည်..။

Jeon ဥက္ကဋ္ဌ ဘယ်ရောက်သွားသလဲ? ဘာတွေလုပ်နေလဲဆိုသည့် သတင်းပင်..။

Jungkookလည်း ထိုသတင်းတွေကို ကြားပေမဲ့ သူ့ကိုယ်ဝန်ကိုသာ ဂရုစိုက်ပြီး မေ့မေ့ပျောက်ပျောက်ထားထားသည်..။

အခုချိန်မှာတော့ Jeon CEOနေရာကလွတ်နေပြီး Jungkookကလည်း သူ့စီးပွားရေးနဲ့သူ တော်တော်အောင်မြင်နေပြီဖြစ်သည်..။

နိုင်ငံခြားစီးပွားရေးရှင်တွေနဲ့လည်း တွဲဖက်လုပ်ကိုင်နေပြီး Jungkookကိုယ်တိုင်ထုတ်လုပ်ထားတဲ့ Designတွေက ဈေးကွက်မှာတော်တော်ပေါက်ပြီး ဝယ်ယူသုံးစွဲသူတွေကလည်း များလာသည်..။

Jungkookကိုယ်တိုင်ရေးဆွဲထားတဲ့ ဖုန်းကိုပဲ နှစ်ယောက်စလုံး ဆင်တူကိုင်ကြသည်..။

Jungkookက အပြာဆို သူက အနီ..

ဒီနေ့ Jungkookအလာကို အိမ်တံခါးဝမှာ စောင့်နေပေမဲ့ အခုချိန့ထိမလာသေး .

Jungkookပ အလုပ်ကိုလိုအပ်မှသာ သွားလုပ်တာမလို့ အချိန်ပြည့် သူနဲ့အတူရှိသည်..။ဒီနေ့မှ အစည်းအ​ဝေး ရှိလို့ဆိုပြီး မနက်ကတည်းက ထွက်သွားရတာ..

ခါတိုင်းအရေးကြီးကိစ္စရှိရင်လည်း 4နာရီလောက်ပြန်လာတတ်တဲ့သူက ဘာကြောင့် ဒီနေ့မှ နောက်ကျနေလည်းမသိ..။

စိတ်ပူတာက ရင်ထဲအလုံးအရင်းဝင်လာတာကြောင့် အနွေးထည်ပါးပါးလေးထပ်ကာ ခြံထဲဆင်းလာခဲ့သည်..။

တစ်ယောက်ထဲမလို့ ဗိုက်ကိုထိန်းကိုင်ကာ ဖြည်းဖြည်းချင်းလျှောက်လာရတယ်..။

မဟုတ်ရင် တစ်ခုခုချော်တာတို့ မှားယွင်းတာတို့ဆို သမီးလေးကို ထိခိုက်မှာဆိုးတာကြောင့်ပင်..။

My Life{Completed}Where stories live. Discover now