(🆉)
"Tae Baby ဒီလိုဝတ်ပေးရမှာလား..?ကိုယ်မေ့သွားပြီ လာလုပ်ပေးပါဦး.."
"လာပြီ လာပြီ ခဏလေး.."
Taeကရေချိုးနေတာမလို့ ကလေး ဒိုင်ဘာကို လဲပေးနေရတဲ့ Jungkook..
ကလေးကလည်း အော်ငိုနေတော့ Jungkookမှာ မလုပ်တက်မကိုင်တက်နဲ့ အမျိုးမျိုးချော့မြူနေပေးသည်..။
"Daddy သမီးလေး..Boo..!တူး.!ဝါး..!"
ထိုအခါမှ ငြိမ်သွားကာ မျက်ရည်စိုစွတ်နေတဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ကြည့်ကာ လက်ကိုဆုပ်လိုက်ဖြန့်လိုက်လုပ်နေသည်..။
နုတ်ခမ်းသေးသေးလေးကို တစ်ချက်နမ်းလိုက်ကာ လက်သေးသေးလေးတွေကို ကိုင်ပြီး တစ်ပြွတ်ပြွတ်မွှေးတော့ တစ်ခစ်ခစ်ရယ်နေတဲ့ သမီးလေး..
"သားဖနှစ်ယောက်မြူးနေတယ်ပေါ့လေ "
ရေချိုးခန်းထဲက Bathtubeနဲ့ထွက်လာတဲ့ Taeက ထိုသို့ဆိုပြီး အနားကိုလျှောက်လာသည်..။
"ပင်ပန်းသွားပြီလား အချစ် ပြွတ်စ်.."
Jungkookကိုတစ်ချက်နမ်းကာ ကလေး ဒိုင်ဘာလဲပေးနေတဲ့ Taehyung..
"အဲ့တာဆို ကိုယ်ရေချိုးတော့မယ်နော်.."
"အွန်း..သေချာကြည့်သွားဦး.."
"Ok.."
Taehyungကိုအနောက်ကနေဖက်လိုက်တော့..
"အာ Jungkook Taeကရေချိုးပြီးပြီလေ သူ့နံနံစော်စော်ကြီးနဲ့.."
"အဲတာဆို မနမ်းရဘူးပေါ့.."
"အဲ့လိုလည်း မဟုတ်ပါဘူး.."
"အဲ့တာဆို Barသွားဦးမယ်.."
"ဘာသွားလုပ်မှာလဲ..?"
ဒိုင်ဘာလဲပြီးပြီမလို့ အနှီးသေချာ ပတ်ကာ ကလေးကို ချီပြီးပြောတော့ Jungkookဖြေတဲ့စကားကြောင့် Taehyungအော်လိုက်သည်..။
"အနမ်းခံနိုင်တဲ့ ကောင်မလေးတွေကို သွားနမ်းမလို့လေ.."
"ဟင့်အင်း..!မနမ်းရဘူး!!"
"ဘာလို့လဲ..?Taeကမကြိုက်တော့ ကိုယ်Barပဲသွားရမှာပေါ့.."
"မဖြစ်ရဘူး..!!☹"
မျက်နှာလေးမဲ့ကာပြောနေသော ကလေးအဖေက သူနဲ့ပတ်သပ်ရင် ဘယ်လိုနည်းနဲ့မှ အထိခိုက်မခံနိုင်ပါ..။

YOU ARE READING
My Life{Completed}
Fiksi PenggemarJeon Jungkook & Kim Taehyung "Taeအတွက် အဖိုးတန်လေးတွေကိုတော့ ချန်ထားပေးလို့ကျေးဇူးတင်ပါတယ် Jungkook..." "ဟန်ဆောင်တဲ့စကားတွေကြားမှာ ကိုယ်နှလုံးသားငိုကြွေးနေတာကို Taeမြင်နိုင်ရင်သိပ်ကောင်းမယ်" "Taeအတှကျ အဖိုးတန်လေးတွေကိုတော့ ချန်ထားပေးလို့ကျေးဇူးတင်ပ...