(🆉)
မြေပြင်ပေါ်မှာ ငြိမ်သက်နေတဲ့ Jungkookရယ် သူ့ဘေးနားမှာ အသိစိတ်မကပ်ပဲ မလှုပ်မယှက်ထိုင်နေတဲ့ Taehyung.
Jungkookနဲ့ပတ်သတ်သမျှ အကုန်လုံး သူ့မျက်ဝန်းထဲတွင် ရုပ်ရှင်အနှေးကွက်ပြသလို မြင်ယောင်လာသည်..။
သူJungkookရဲ့ ရည်းစားခိုင်းမှုကြောင့် သွားပြီး ပြောပြခဲ့ရတာတွေ ၊ Jungkookနဲ့ရင်းနှီးလာကြပြီး လျှောက်လည်ကြတာ သူကို ပထမဆုံးအနမ်းနမ်းပြီး ဖွင့်ပြောလာတာ ၊ သူတို့နှစ်ယောက် ချစ်သူဖြစ်ကြတာ..အတူဖြတ်သန်းခဲ့ကြတဲ့ ပထမဆုံးည ၊ ရရှိလာတဲ့ ရင်သွေးငယ်လေးတွေနဲ့အတူ သူဖြတ်သန်းခဲ့ရတဲ့ ဘဝ..
Jungkookနဲ့ ဒုတိယအကြိမ် စုံတွေ့ခဲ့တယ်..သူနာကျင်ခဲ့တယ် တတိယအကြိမ်မှာ အကုန်လုံး လွဲမှားနေပြီး ဖြစ်ရက်မှန်ကို သိခဲ့ကြတာ..Jungkookသူ့ကို ဘယ်လောက်ထိချစ်ပေးပြီး ဘယ်လောက် ဂရုစိုက်ရသလဲ..?သူတို့လက်ထပ်တုန်းက အရမ်းစိတ်လှုပ်ရှားနေပြီး ဝမ်းနည်းဝမ်းသာဖြစ်ရတယ် ဤလူသားကိုတကယ်ပဲ ပိုင်ဆိုင်ရပြီလားဆိုတဲ့ အတွေးတွေနဲ့..၊
ဒုတိယမြောက် ရင်သွေးငယ်ကို လွယ်ထားရတဲ့အချိန်မှာ အရာအားလုံးဟာ မတူညီခဲ့ ၊ သူလိုချင်တဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားရတာကြောင့်ဖြစ်သည်..။Jungkookရဲ့ သဲသဲလှုပ်မှုကို အရမ်းကြိုက်ပါသည် ၊ သူ့ရဲ့ ဂရုစိုက်မှုတွေမှာ ဘယ်လောက်တောင် ပျော်ဝင်ခဲ့ရသလဲ..အခုတော့.!..
"Jungkook..~ Taeဘဝမှာ Jungkookမရှိလို့မဖြစ်ဘူး."
"ဟင် ကြားရင် ပြန်ဖြေပါဦး."
"Jungkookထားသွားရင် Taeမုန်းလိုက်မှာနော်!!လုံးဝခွင့်မလွှတ်ဘူး.."
"ဟင်လို့? ပြန်ဖြေအုံး မဖြေရင် Tae ကိုယ်ဝန်ကိုဖြတ်ချပစ်မှာနော်..!!!"
"ဟမ်.? ငါဘာတွေပြောနေတာလဲ? ကလေးလေးကြားသွားမှဖြင့် တောင်းပန်ပါတယ် ကလေးရယ်..ကျွတ် ကျွတ်.."
အရူးတစ်ပိုင်းလိုဖြစ်နေတဲ့ Taehyung..
သူတို့နှစ်ယောက်အနားကို အရိပ်ကျလာတာကြောင့် ကြည့်လိုက်တော့ အချစ်ဆုံးလူသားရဲ့ဖခင် အမုန်းဆုံးလူသား..
"ထွက်သွား!!!မသတ်ပစ်ခင်!!"
"သား..သားလေး..ငါ ငါဘာတွေလုပ်မိတာလဲ? Jungkook~"

YOU ARE READING
My Life{Completed}
FanfictionJeon Jungkook & Kim Taehyung "Taeအတွက် အဖိုးတန်လေးတွေကိုတော့ ချန်ထားပေးလို့ကျေးဇူးတင်ပါတယ် Jungkook..." "ဟန်ဆောင်တဲ့စကားတွေကြားမှာ ကိုယ်နှလုံးသားငိုကြွေးနေတာကို Taeမြင်နိုင်ရင်သိပ်ကောင်းမယ်" "Taeအတှကျ အဖိုးတန်လေးတွေကိုတော့ ချန်ထားပေးလို့ကျေးဇူးတင်ပ...