(🆉)
အိပ်ခန်းထဲတွင် ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက်နှင့် ပြာများနေတဲ့ Taehyung..
..*Jungkookကို ဒီနေ့ပဲ Dateရအောင်လို့ ပြောရင်ကောင်းမလား..?အာ လက်မထပ်ခင်လေး တစ်ခါလောက် Dateဖူးချင်တာကို..*
*ငါ့ဘက်ကစပြောရင် ငါအောက်နေက သိက္ခာကျသွားမှာလား..ငါက ကလေးမွေးထားတာကြီးကို..*
*Jungkookကကော Dateမယ်လို့ပြောမှာလား..?ဒါမှမဟုတ် သူမDateချင်တော့တာများလား..?*
*အေးပေါ့လေ ငါတို့အကြာကြီးခွဲပြီးပြီကို သူDateဖို့ပြောမှာမဟုတ်ပါဘူး မင်္ဂလာပဲဆောင်တော့မဲ့ဟာ..ဟင်း..*
*ငါပဲ ပြောလိုက်ပါမယ်လေ..*
ထိုချိန် အောက်ကနေအော်ခေါ်တဲ့ အိမ်တော်ထိန်းအသံ..
"ကိုကိုလေး Taehyung အစ်ကိုလေး Jungkookရောက်နေပါတယ်.."
"တကယ်..!!"
ထခုန်လိုက်ပြီး...အောက်ထပ်သို့မြန်မြန်ပြေးဆင်းသွားလေသည်။
မျက်နှာကလည်း သွားလေးတွေပေါ်သည်အထိပြုံးလို့..
"ဟိဟိ.."
"Jungkookရေ..!!"
"ဟော..ကလေးလေး..ပြေးလာတာလား..ဖြေးဖြေး-အင့်."
စကားတောင်မဆုံးသေး သူ့ပေါ်ခုန်တက်တဲ့ Taehyung ခန္ဓာကိုယ်အနောက်တောင်နည်းနည်းယိုင်ပြီး အင့်ခနဲ အသံတောင် မြည်သွားသည်..။
Jungkookပါးကို တစ်ရွှတ်ရွှတ်နမ်းပြီး..
"ဒီနေ့ စောတယ်နော် ဘာလို့လဲဟင်..?Taeကိုလွမ်းလို့လား..?Taeကတော့ Jungkookကိုလွမ်းနေတာ...အွန်း..ဟင့်."
..ဒုတ်.ဒုတ် ဒုတ် ဒုတ် ဒုတ် ဒုတ်..
နှလုံးခုန်နှုန်းတွေမြန်ဆန်နေတဲ့ Jungkook..၊ Taehyungက အဝေးကနေပြေးလာပြီး သူပေါ်ခုန်တက်သေးတယ် ပြီးတော့ ပါးကိုတစ်ရွှတ်ရွှတ်နမ်းပြီး စကားများစွာပြောတယ်..။
နောက်ဆုံး နုတ်ခမ်းလေးထော်ပြီး အွန်းဟင့် ဆိုကာ သူ့လည်ပင်းကိုခေါင်းလေးတိုးဝှေ့ပြီး ချွဲနေတာ..
*အာ. တစ်ကယ်ရူးတော့မှာပဲ.*
"ခဏ..ခဏလေး..ခဏလေးဆင်းပါအုံး...ဟူး.."

YOU ARE READING
My Life{Completed}
ФанфикJeon Jungkook & Kim Taehyung "Taeအတွက် အဖိုးတန်လေးတွေကိုတော့ ချန်ထားပေးလို့ကျေးဇူးတင်ပါတယ် Jungkook..." "ဟန်ဆောင်တဲ့စကားတွေကြားမှာ ကိုယ်နှလုံးသားငိုကြွေးနေတာကို Taeမြင်နိုင်ရင်သိပ်ကောင်းမယ်" "Taeအတှကျ အဖိုးတန်လေးတွေကိုတော့ ချန်ထားပေးလို့ကျေးဇူးတင်ပ...