(🆉)
အခုဆိုကိုယ်ဝန်ရှိနေပြီမလို့ Jungkookက ဖူးဖူးမှုတ်ကာ ဘာမှမလုပ်ခိုင်း..
လနုသေးပေမဲ့ သူ့မှာ သဲသဲကဲကဲဖြစ်နေတာကြောင့် Jinတို့ညီအစ်ကိုမှာ အမြင်ကပ်လာကြသည်..။
အခုမှ ကိုယ်ဝန်ဟာ သုံးပတ်ပဲရှိသေးသည်။ Taehyungမှာ ပထမအကြိမ်မဟုတ်သော်လည်း အခုအချိန်က Jungkookဘေးမှာ ရှိနေသောကြောင့် စိတ်လှုပ်ရှားနေသည်..။
Taehyung ကော်ဖီဆိုင်လေးသို့ သွားမလို့ ပြင်တုန်း ကြားလိုက်ရတဲ့ အသံ..
"Tae..အလုပ်မသွားရဘူး..တော်ကြာ အလုပ်မှာ တစ်ခုခုဖြစ်နေမှဖြင့်.."
"Jungkookကလည်း ဘာမှမဖြစ်ပါဘူး မစိုးရိမ်နဲ့နော်.."
"မစိုးရိမ်လို့မရဘူး..အခု ကလေးလေးက ကိုယ့်ရဲ့ပုစိလေးကို လွယ်ထားရတာလေ ကိုယ်စိတ်မချပါဘူးကွာ.."
"အခုမှ သုံးပတ်ပဲရှိပါသေးတယ် နော်..Jungkook Taeမသွားလို့မရဘူးလေ..ဆိုင်ပိုင်ရှင်ပါဆိုနေမှ ပြီးတော့ ဆိုင်မှာ ပန်းတွေလည်းရှိတာကြောင့် လန်းဆန်းစေတယ်.."
"ဟူး..အဲ့တာဆို ကိုယ်လိုက်ပို့မယ် တူတူသွားတာပေါ့.."
"အွန်း.."
မိသားစုလေးယောက်စလုံး ကားပေါ်တက်ကာ Bunnyလေးတို့အား အရင်ဆုံး မူကြိုပို့ပေးရသည်။
"Papa ပြောတာတွေ သေချာမှတ်ထားနော်.."
"ဟုတ်..!!"
"Daddyမှာထားတာလည်း မမေ့နဲ့ ရန်လာစရင် အရင်ဆုံး နီးစပ်ရာကောက်ယူပြီး ရိုက်လိုက်နော် လက်သီးကို ကျစ်ကျစ်ဆုပ်ထားဖို့လည်း လိုတယ်.."
"Jungkook!!!"
"ဟမ်..အောအော..တာ့တာနော် Daddyကလေးလေးတွေ.."
"ဟုတ်.!!!Bye Bye!!"
ကလေးတွေ မူကြိုထဲဝင်သွားမှ သူ့နားရွက်ကို လိမ်ဆွဲတဲ့ Tae..
"အာ့..အာ့ နာတယ် ကလေးရဲ့ "
"ကလေးတွေကို ဘာတွေလျှောက်သင်ပေးနေတာလဲ? ဟမ်? ဒါ အေဖက သင်ပေးရမဲ့အရာလား..??"
"Taeကလည်း ကိုယ်က ကိုယ့်ကလေးတွေ အနိုင်ကျင့်ခံရမှာဆိုးလို့ပါ.."
"တော်..နောက်ခါ ထပ်သင်ပေးရင် နှာခေါင်းပြုတ်ထွက်ဖို့သာ ပြင်ထား.."
YOU ARE READING
My Life{Completed}
FanfictionJeon Jungkook & Kim Taehyung "Taeအတွက် အဖိုးတန်လေးတွေကိုတော့ ချန်ထားပေးလို့ကျေးဇူးတင်ပါတယ် Jungkook..." "ဟန်ဆောင်တဲ့စကားတွေကြားမှာ ကိုယ်နှလုံးသားငိုကြွေးနေတာကို Taeမြင်နိုင်ရင်သိပ်ကောင်းမယ်" "Taeအတှကျ အဖိုးတန်လေးတွေကိုတော့ ချန်ထားပေးလို့ကျေးဇူးတင်ပ...