(🆉)
"ဖြူလုံးရေ ဖြူလုံးလေးရေ..."
Taehyung တစ်ယောက် ခွေးအဖြူရောင်လေးကိုရှာနေခြင်း...
ပန်းဆိုင်ကလည်း ဒီတိုင်းထားခဲ့လို့မဖြစ်တာမလို့ အနီးနားမှာပဲရှာနေတာ..
အမိုက်ပုံက ဖာအကြီးကြီးနောက်က အမြီးဖြူလေး..
"ဖြူလုံးရေ...ဒီကိုလာခဲ့.."
မလာ သူ့ဖင်မြီးလေးကိုတောင်မှ ပြန်ဖွက်လိုက်သေး...
"ရား...ဘာလုပ်နေတာလဲ.."
ပန်းဆိုင်နဲ့လည်း နည်းနည်းဝေးနေပြီမလို့ သူ့မှာ လှည့်ကြည့်လှကြည့်နှင့်သာ...
ထိုဖာအနောက်ဖက်သွားကြည့်တော့ ကျွတ်ကျွတ်အိပ်ထဲက အကျန်တွေကိုစားနေခြင်း ကျွတ်ကျွတ်အိပ်နဲ့ ကပ်နေတာမလို့ စားလိုက်တိုင်း ကျွတ်ကျွတ်အိပ်ကိုပါ ဝါးမိနေတယ်..
"ရား ထွေးထုတ် ငါရိုက်မိတော့မယ်နော်.."
ထိုခွေးလေးက ဘေးအိမ်ကလင်မယားနှစ်ယောက်ရဲ့ခွေးလေးပင်..
သူတို့လင်မယားနှစ်ယောက်က ခရီးသွားနေတာမလို့ သူ့ကိုကြည့်ပြီး စောင့်ရှောက်ပေးထားပါဆိုလို့ သူကကျွေးမွေးထားခြင်း..
အစားလည်း ကောင်းကောင်းကျွေးတာကို လမ်းဘေးခွေးတွေနဲ့ပေါင်းပြီး အမိုက်ပုံမှာလာစားနေတယ်...
အဲ့တာပြောတာပေါ့ အပေါင်းသင်းမှားရင် ပျက်တယ်ဆိုတာ ဒီလိုကောင်မျိုးကိုပြောတာ....
"ရား...ဖြူလုံး..အခုချက်ချင်းလာခဲ့စမ်း...မင်းကိုငါကောင်းကောင်းကျွေးတယ်လေ ငါ့ထမင်းဖိုးထက်တောင် ဈေးကြီးတယ်ကွ..."
သူအမိုက်ပုံထဲတိုးပြီး ခေါ်တော့ ရိုက်မှာဆိုးလို့ ဟိုဘက်ကို နည်းနည်းတိုးသွားသည်။
"လာခဲ့လို့.!!!..ငါ!- အမယ်လေး.!!!"
...ဗုန်း!!!...
အမိုက်ပုံထဲက ငှက်ပြောခွံကို နင်းမိပြီး မှောက်ရက်လဲသွားသည်။
တော်သေးတယ် မျက်နှာကို မပေလို့ တစ်ကိုယ်လုံးကတော့ ရစရာမရှိအောင် ပေပွသွားပြီ..
အကျီကိုနမ်းကြည့်တော့ ..ချဉ်စုတ်စုတ်အနံ့ကော အနံ့ပေါင်းစုံနဲ့..

YOU ARE READING
My Life{Completed}
FanfictionJeon Jungkook & Kim Taehyung "Taeအတွက် အဖိုးတန်လေးတွေကိုတော့ ချန်ထားပေးလို့ကျေးဇူးတင်ပါတယ် Jungkook..." "ဟန်ဆောင်တဲ့စကားတွေကြားမှာ ကိုယ်နှလုံးသားငိုကြွေးနေတာကို Taeမြင်နိုင်ရင်သိပ်ကောင်းမယ်" "Taeအတှကျ အဖိုးတန်လေးတွေကိုတော့ ချန်ထားပေးလို့ကျေးဇူးတင်ပ...