(🆉)
(အပေါ်က သီချင်းလေးနဲ့ နားထောင်ပြီး ဖတ်ကြည့် Taeဘက်က ခံစားချက်နဲ့ သိပ်တိုက်ဆိုင်..🤧)
ရင်နာဖွာကောင်းတဲ့ ဖြစ်ရက်..
ဒီနေ့ Jungkookနဲ့ချိန်းထားတယ်လေ..ဟီး အတော်ပဲ..ကျွန်တော်က ဒီနေ့မှာ သူနဲ့ရတဲ့ ကိုယ်ဝန်ရှိကြောင်းပြောပြီး..သူပျော်သွားမဲ့ မျက်နှာလေးကို ကြည့်ချင်တာ..
ကလေးလေးက 5ပတ်ထဲရောက်နေပြီ..ပြီးတော့ ကောင်းကောင်းရှင်သန်နေတယ်လို့ ဆရာဝန်ကပြောတယ်...
ဗိုက်လေးကိုကိုင်ကာ တစ်ပြုံးပြုံးနဲ့လျှောက်လာတာ Jungkookချိန်းထားတဲ့ ပန်းဥယောဉ်ထဲရောက်လာလေပြီ..
Jungkookကတော့ ရောက်နှင့်နေပြီ..ပျော်ပြီး ခေါ်မယ်အလုပ် အနားမှာ မိန်းကလေးတစ်ယောက်ပါတွေ့လိုက်ရတာကြောင့် မခေါ်တော့ပဲ အနားသာလျှောက်သွားလိုက်သည်။
"Jungkook..Taeနောက်ကျသွားလားဟင်.."
"ဟင့်အင်း..မကျပါဘူး..ကျလည်းကိစ္စမရှိဘူး ပြောဖို့ အချိန်တွေရှိသေးတာပဲ.."
"ဟမ်..ပြောဖို့ Taeကိုပြောစရာရှိရင်ပြောလေ..ပြီးရင် Jungkookကိုလည်း ပြောစရာရှိတယ်..ဟီး.."
ရှက်ပြုံးနဲ့ပြောကြီး ပါးလေးတွေရဲတက်လာသည်။ဒါပေမဲ့ Jungkookက သူ့ကိုအသည်းယားပုံမပြ ပုံစံက အေးစက်စက်သာ...ဘာလို့လည်းတော့မသိ သူ့ရင်တွေလေးနေသည်။
"ဒါနဲ့ ဒီမမကဘယ်သူလဲဟင် Taeကိုလည်း မိတ်ဆက်ပေးအုံးလေ..ဟီး..မင်္ဂလာပါ..မမ."
ဖြူစင်လှတဲ့ကလေးဟာ မနာလိုမဖြစ်တဲ့အပြင် အပြုံးလှလှနှင့် နုတ်ဆက်နေလိုက်သေးသည်။
"အင်း..သူက ငါနဲ့လက်ထပ်မဲ့မိန်းကလေး..Hanaတဲ့.."
"ဗျာ...Jungkookဘာတွေပြော..ဟို Taeနောက်ကျသွားလို့ Taeကိုနောက်နေတာမလားဟင်..?"
ကလေးငယ်ဟာ.အသည်းနုသူပမာ..မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျလျက် မေးလေသည်။
"မဟုတ်ပါဘူး..မင်းကိုနောက်လိုက်လို့ ဘာတွေကောင်းစားသွားလို့လဲ အချိန်တောင်ပုပ်သေးတယ်...အဲ့တာ ဒီနေ့ မင်းနဲ့လမ်းခွဲတဲ့အကြောင်းလာပြောတာ.."

YOU ARE READING
My Life{Completed}
FanfictionJeon Jungkook & Kim Taehyung "Taeအတွက် အဖိုးတန်လေးတွေကိုတော့ ချန်ထားပေးလို့ကျေးဇူးတင်ပါတယ် Jungkook..." "ဟန်ဆောင်တဲ့စကားတွေကြားမှာ ကိုယ်နှလုံးသားငိုကြွေးနေတာကို Taeမြင်နိုင်ရင်သိပ်ကောင်းမယ်" "Taeအတှကျ အဖိုးတန်လေးတွေကိုတော့ ချန်ထားပေးလို့ကျေးဇူးတင်ပ...