(🆉)
လက်ဖမိုးလှလှမှာ ထိုးစိုက်ထားတဲ့ အပ်ကိုကြည့်ပြီး Taehyungဘယ်လောက်နာကျင်နေပြီလဲဟု..ဝမ်းနည်းမိသည်။
Taehyungက သူ့ကြောင့်နာကျင်ရပေါင်းများပြီဆိုတာလည်း သိသည်။အဲ့တာကြောင့် အခုချိန်ကစပြီး Taehyungမနာကျင်ရအောင် သေချာဂရုစိုက်မယ်လို့ ကတိပြုထားသည်။
ခဏနေတော့ လှုပ်ရှားလာတဲ့ Taehyungကြောင့်..
"Tae..ကလေး.."
စနိုးနိုးခြင်း မြင်လိုက်ရတာက မုန်းလှရပါချီရဲ့ဆိုတဲ့ လူသား..
သူ့လက်ကိုကိုင်ထားတာကြောင့် လွှတ်လိုက်ပြီး..မျက်နှာလွှဲလိုက်သည်။
"ခင်ဗျား..ဘာလာလုပ်တာလဲ..?"
"ကိုယ်...တောင်းပန်ပါတယ်.."
"ဘာအတွက်လဲ..??ကျွန်တော်တော့ ခင်ဗျားနဲ့ ထပ်ပတ်သပ်စရာ အကြောင်းမရှိတော့တာမလို့ တောင်းပန်စရာမလိုဘူး.."
..မဟုတ်ဘူး..ခင်ဗျားက တောင်းပန်ဖို့တောင် မထိုက်တန်ဘူး..
"ဟို..ကိုယ်မှားခဲ့တာတွေအတွက်ပါ..ပြီးတော့..ကိုယ့်သားလေး.-"
"ခင်ဗျား ပါးစပ်ကနေ သားဆိုအသံလုံးဝမကြားချင်ဘူး..!!"
"ဒါပေမဲ့ Taeရာ..ကလေးတွေအတွက်ပြန်စဉ်းစားပါအုံး မိဘမဲ့ဖြစ်စေချင်လို့လား.?ကိုယ်အခု ရုန်းထွက်လို့ရပြီမလို့ အချိန်ခါကောင်းတုံး လာတောင်းပန်တာပါ..Tae.."
ရုန်းထွက်လို့ရပြီဆိုတာ ဘာစကားလဲ??.
"အရင်ကတည်းက မိဘမဲ့ဖြစ်ခဲ့တာပဲလေ..ပြီးတော့ သားလေးတွေအတွက် ကျွန်တော်က အဖေ အမေပဲ..ခင်ဗျား..ပြန်တော့.."
"ဟင့်အင်း ကိုယ်မသွားဘူး..ကိုယ်အကုန်လုံးရှင်းပြခွင့်ပေးပါ..အဲ့တာဆိုရင်လေ-"
"ဘာမှမလိုဘူး..စေ့စပ်ထားတဲ့လူတစ်ယောက်က အခုလိုမျိုး ကလေးအဖေပေါ်လာကပ်တွယ်နေတာ လူကြားမကောင်းဘူးနော်..အဲ့တော့ နောက်ဆုတ်လိုက်တာကောင်းမယ်.."
ဘာလဲ..ဘာလို့လဲ??အခုလို ငါ့နားပြန်ကပ်တွယ်ရတဲ့အကြောင်းအရင်းကဘာကြောင့်လဲ..?သူငါ့ကိုထားသွားပြီပဲ ပြန်လာစရာအကြောင်းမရှိဘူး..

YOU ARE READING
My Life{Completed}
FanfictionJeon Jungkook & Kim Taehyung "Taeအတွက် အဖိုးတန်လေးတွေကိုတော့ ချန်ထားပေးလို့ကျေးဇူးတင်ပါတယ် Jungkook..." "ဟန်ဆောင်တဲ့စကားတွေကြားမှာ ကိုယ်နှလုံးသားငိုကြွေးနေတာကို Taeမြင်နိုင်ရင်သိပ်ကောင်းမယ်" "Taeအတှကျ အဖိုးတန်လေးတွေကိုတော့ ချန်ထားပေးလို့ကျေးဇူးတင်ပ...