(🆉)
"Tae ကလေး.."
"ဟင်.."
ကုတင်ပေါ်က ခြေဆင်းထိုင်နေတဲ့ Taeနားမှာ ထိုင်ကာ အင်္ကျီလှန်ပြီး ဗိုက်လိမ်းတဲ့အဆီလေးကို စူဖောင်းဖောင်းဗိုက်ပေါ်သို့ ဖွဖွလိမ်းပေးနေသည်..။
ဒီမဆီလေးက ဗိုက်ကြောမပျက်အောင်လိမ်းပေးတဲ့အဆီလေ..ဒ
"Tae ဟိုဟာလာရတာကို စိတ်ညစ်လား..?"
"ဘယ်ဟာလဲ..?"
"မိန်းကလေးတွေလို Taeလာတာလေ.. "
"အင်း...စိတ်ညစ်ပေမဲ့ ဘာမှာမှ ပြောင်းလဲလို့မရတာ သူကံဇာတာနဲ့သူပေါ့.."
"Aww..အခုကော လာသေးလား..?"
"အာ..ဘာတွေမေးနေမှန်းလဲမသိဘူး..?ဗိုက်ကြီးနေပါတယ်ဆိုမှ ဘယ်လာမှာလဲလို့..!!"
"အွန်း...အဲ့တာဆို..ကလေးမွေးပြီးသွားရင်လည်း ပြန်လာမှပေါ့နော်.."
"Jungkook.!!တကယ်ပဲ ဘာဖြစ်နေတာလဲ..?"
ရှက်စရာစကားတွေကြောင့် ကလေးအဖေလေးမှာ မျက်နှာလေးနီရဲကာ ရှက်ပြီး အော်တော့သည်..။
"အာ..Taeကလည်း ကိုယ်သိချင်လို့ကို..ဟွန့်."
နုတ်ခမ်းဆူပြီး လက်က မွေ့ယားကို လက်ညိုးနဲ့တစ်ထိုးထိုး..
Taehyungလည်း သက်ပြင်းချလိုက်ကာ ရှက်ရှက်နဲ့ပဲ မျက်နှာလွှဲကာ..
"အင်းပေါ့..ကလေးမွေးပြီးရင် ပြန်လာမှာ.."
"အဲ့တာဆို Tae 10လလောက် မလာတော့အောင်လို့ ကိုယ်ပြန်ပြီး ကြိုးစားကူညီပေးရမလား..?"
"ဘာ.??!"
ဒေါက်..!!
နီးစပ်ရာ ရေဘူးနဲ့ ခေါင်းကို ခေါက်ထည့်လိုက်သည်..။
Jungkookမှာတော့ မျက်စောင်းတစ်ခဲခဲဖြစ်နေတဲ့ ကောင်လေးကိုကြည့်ပြီး သွားအဖြဲသား..
"မလိုပါဘူးနော်..ကိုယ့်ကိုယ်ကို အောက်ခံဝယ်သုံးလည်းဖြစ်တယ်..ပေါက်ကရတွေပြောမနေနဲ့ ညဘက်အပြင်မှာ အိပ်ချင်လို့လား..?"
"ဟာ မဟုတ်ပါဘူး..မပြောတော့ဘူး.."
ပါးစပ်ပိတ်သွားကာ ဗိုက်လေးကို ပြန်ပွတ်သပ်လိမ်းပေးနေသည်..။

YOU ARE READING
My Life{Completed}
FanfictionJeon Jungkook & Kim Taehyung "Taeအတွက် အဖိုးတန်လေးတွေကိုတော့ ချန်ထားပေးလို့ကျေးဇူးတင်ပါတယ် Jungkook..." "ဟန်ဆောင်တဲ့စကားတွေကြားမှာ ကိုယ်နှလုံးသားငိုကြွေးနေတာကို Taeမြင်နိုင်ရင်သိပ်ကောင်းမယ်" "Taeအတှကျ အဖိုးတန်လေးတွေကိုတော့ ချန်ထားပေးလို့ကျေးဇူးတင်ပ...