Epi-25

4.7K 204 31
                                        

(🆉)

Necktileစီးပေးနေတဲ့ အကြင်သူလေးကိုကြည့်ပြီး သက်ပြင်းချမိပြန်သည်..။

"Jungkookရာ စိတ်အေးအေးသာသွားနော် စိတ်မပူနဲ့သိလား? အစ်ကိုကြီးတို့လည်း ရှိတာပဲ.."

"ဒါပေမဲ့ ကလေးရာ ကိုယ်စိတ်မချဘူး Taeကဗိုက်နဲ့လေ တော်ကြာကိုယ်မရှိတုန်း ချော်လဲတာတို့ ဘာတို့ တစ်ခုခုဖြစ်နေမှဖြင့် တော်ပြီ ကိုယ်မသွားတော့ဘူး မစီးပေးနဲ့တော့..!"

"ကြည့် တွေ့လား! Jungkookနော် အခုက Jungkook အိပ်မက်လေ လက်လွှတ်ခံမလို့လား? ဟမ်? အဝေးကြီးလည်းမဟုတ်ဘူး နာရီပိုင်းလေးပဲလေ နော် စိတ်ချပါ အလုပ်သာသေချာကြိုးစားခဲ့နော်..ပြွတ်စ်.."

Taeကသာ စိတ်မပူဖို့ပြောနေပေမဲ့ ဒီနေ့မှ သူ့စိတ်တွေက ဘယ်လိုဖြစ်နေမှန်းမသိ လေးလံနေသလိုလို ပူလှောင်နေသလိုလို စိတ်ထင့်နေသလိုလိုနဲ့..။

"ဟူး..အဲ့တာဆို ကိုယ်ပြောတာတွေ နားထောင်နော် သိလား? မတည့်တာတွေမစားနဲ့ ကိုယ့်ကိုယ်ကို ဂရုစိုက် တစ်ခုခုဆို အလုပ်သမားတွေ ခိုင်းနော် ပြီးတော့..-$&%*$^*$"

မပြီးတော့တဲ့ မှာကြားမှုတွေကို 15မိနစ်လောက် နားထောင်ပေးရသည်..။

Jungkook မှာတမ်းခြွေပြီး Taeကိုကြည့်လိုက်တော့ မှင်သေသေနဲ့ သူပြောတာတွေကို ပျင်းနေပုံ Jungkook ဟက်ခနဲ တစ်ချက်ရယ်ကာ နဖူးပေါ်သို့ မြတ်မြတ်နိုးနိုးနမ်းလိုက်သည်..။

"သွားတော့မယ် အချစ်လေး လာအုံး အနမ်းပေးချင်လို့.."

ပါးနှစ်ဖက်ကို အုပ်ကိုင်ကာ ခပ်ပြင်းပြင်း ဖိနမ်းလိုက်သည်..။

"Jungkook ဂရုစိုက်နော်."

"အင်းပါ Taeလည်း ဂရုစိုက်နော်.."

သူ့အင်္ကျီကြီးကြီးအောက်က ဗိုက်ပူပူလေးကို ကြည့်ပြီး ပြုံးကာ ထိုင်ချလိုက်သည်..။

"Daddy ကလေးလေး ဘာမှမဖြစ်နဲ့နော် Papaစကားလည်းနားထောင်နော် Daddyက ကလေးလေးအတွက် ပိုက်ဆံရှာပေးမှာမလို့ ဒီနေ့တော့ အနားမှာမရှိနိုင်ဘူး အဲ့တာမလို့ လိမ်လိမ်မာမာနေနော် Daddyက အများကြီးချစ်တယ်.. ပြွတ် ပြွတ်.."

ဗိုက်နားကပ်ပြီးပြောနေတဲ့ Jungkookကိုကြည့်ကာ Taehyungမှာ ကြည်နူးမှုအပြည့်

My Life{Completed}Where stories live. Discover now