(🆉)
လေဆိပ်မှာ မိသားစုလိုက် Jin Hyungတို့ကိုနုတ်ဆက်နေကြသည်..။
Canadaကို မိသားစု6ယောက် ခရီးသွားမှာမလို့ Jin Hyungတို့ကိုမခေါ်တော့...
အစ်ကိုလတ်မှာ ဟိုတစ်ခါက ကိစ္စကိုအခဲမကြေသေး..
IGပေါ်မှာပုံတင်တာကိုမြင်ပြီး သူ့ကိုဆူပူကြိမ်းမောင်းသည်.။
သူတို့ကိုကြတော့ ကလေး4ကောင်နဲ့ပြစ်ထားတယ် Taehyungတို့ကြတော့ ယွထနေပြီး ချစ်နေကြတယ်..ဆိုပြီး ဆူပါလေရော..
"ငယ်လေး ငါဘာဘာညာညာတွေမကြားချင်ဘူးနော်."
"ဟုတ်ကဲ့ပါ..အစ်ကိုလတ်ရယ်.."
တော်တော်ကြာကြာ နုတ်ဆက်ပြီးတော့မှာ Jungkookက သမီးနှစ်ယောက်ကိုချီ သူက သားသားတို့လက်တွဲကာ Canada ခရီးစဉ်သို့...
လေယဉ်ပေါ်ရောက်တာနဲ့ အမြွှာနှစ်ယောက်ကို နေရာသေချာချပေးလိုက်ကာ မုန့်အပြည့် အရုပ်အပြည့်နဲ့ထားထားပေးလိုက်သည်..။
Taehyungက အငယ်ဆုံးလေးကို ချီကာ ပြတင်းပေါက်ဘက်နေရာယူပြီး Jungkookကသူ့ဘေးမှာ Jin-Aeလေးကို ပေါင်ပေါ်တင်ထားသည်..။
သမီးငယ်လေးက အိပ်ပျော်နေတာကြောင့် အနောက်ခုံကိုမှီလိုက်ကာ ထွက်ခွာနေပြီဖြစ်တဲ့ လေယဉ်နှင့်အတူ မိမိမွေးရပ်မြေကို အဝကြည့်နေလိုက်သည်..။
အစ်ကိုကြီးတို့ကျန်ခဲ့တာကြောင့် မျက်ရည်ကလည်လာပြီး ဝမ်းနည်းလာသည်..။
"ငိုနေတာလား..?လာ ကိုယ့်ပေါ်မှီထား ခဏလေးပါပဲ ခရီးက နော်.."
"အင်း.."
Jungkookအပေါ် မှီကာ မှေးနေတုန်း နိုးလာပြီး အော်ငိုတဲ့ အငယ်ဆုံးလေး...
"ကျွတ် ကျွတ်.."
"Jungkook.! ဒိုင်ဘာအသစ် ယူပေးဦး "
"အင်း အင်း ခဏလေး.."
"Bunnyလေးတို့ ညီမလေးကို ခဏကြည့်ထားပေးဦးနော် Daddy ငယ်ဆုံးလေးကို ကူညီပေးမလို့ လိမ္မာပါတယ်."
"ဟုတ်..Daddy.!"
ဒီလို အခက်အခဲရှိမှာကြိုသိနေလို့ လေယဉ်ကို VIP Roomငှါးထားတာ...
Jungkookက ကလေးကိုချီထားပေးပြီး Taeက ကလေးဒိုင်ဘာ လဲပေးသည်..။
အကုန်လုံးပြီးစီးသွားတော့ ပေနေတဲ့ အခံလေးကို သေချာထုတ်ပိုးပြီး အမိုက်ပုံးထဲပစ်လိုက်သည်..။
YOU ARE READING
My Life{Completed}
FanfictionJeon Jungkook & Kim Taehyung "Taeအတွက် အဖိုးတန်လေးတွေကိုတော့ ချန်ထားပေးလို့ကျေးဇူးတင်ပါတယ် Jungkook..." "ဟန်ဆောင်တဲ့စကားတွေကြားမှာ ကိုယ်နှလုံးသားငိုကြွေးနေတာကို Taeမြင်နိုင်ရင်သိပ်ကောင်းမယ်" "Taeအတှကျ အဖိုးတန်လေးတွေကိုတော့ ချန်ထားပေးလို့ကျေးဇူးတင်ပ...