(🆉)
"Tae ကိုယ့်ကို ဒီပန်းလေး အလကားပေးပါလား.?"
"ဟာJungkookနော် သူများဆိုင်လာပြီး အလကားတောင်းရလား..မွဲကုန်တော့မှာပဲ.."
"Taeရာ တစ်ပွင့်ထဲပါ "
"ဟွန့် ပြီးတာပဲ..ရော့..သစ္စာပန်း.."
"သစ္စာပန်း.?"
ရေရွတ်လိုက်ကာ ရိုးတံလေးကို ချိုးလိုက်ပြီး Taehyungနားရွက်နားပန်ပေးလိုက်ကာ..
"သစ္စာပန်းလေးလို ကိုယ့်ကို သစ္စာရှိပြီး ချစ်ပေးပါ.."
"Jungkookကကော..?"
"အင်း..ကိုယ်က အိမ်ထောင်ပြုရအုံးမယ်လေ.."
"ဟာ..Jungkookမကောင်းဘူး.."
"ကိုယ်ကောင်းတာ Taeမိုးရွာတဲ့နေက သိတာပဲကို.."
ထိုအခါ ဖြန်းခနဲရဲတတ်လာတဲ့ ပါးပြင်လေးနှစ်ခုနဲ့အတူ လက်သွယ်သွယ်လေးက ဖတ်ခနဲဖတ်ခနဲ လက်မောင်းပေါ်ရောက်ပြီးသား..
သူ့မှာ ရှက်လို့မပြီးနိုင် ခေါင်းကြီးငုံ့ကာ Jungkookပေါင်ကို ဆိတ်ဆွဲသေးသည်။
"အဟက် ချစ်စရာလေး.."
"တော်တော့ဗျာ..Jungkookကလည်း.."
"မတော်ပါဘူး..ကိုယ်အိမ်ထောင်ပြုရအုံးမယ်ဆိုတာ Taeနဲ့လက်ထပ်ဖို့ပြောတာလေ.."
ဖြတ်ခနဲမော့ကြည့်လာတဲ့ မျက်ဝန်းလှလှမှာ မျက်ရည်ကြည်တွေ ရစ်သိုင်းလို့နေသည်။
"Jungkookတကယ်ပြောတာလားဟင်..Taeကိုစားပြီးနားမလည်မလုပ်နဲ့နော် ပလရာနဲ့ ဆွဲဖြုတ်ပစ်မှာ ဟင့်.."
"ဟောဗျာ..ဘာလို့ငိုရတာတုန်း..ကိုယ်က Taeကိုပဲချစ်တာလေ ဒီကလေးလေးကို မယူလို့ဘယ်သူ့ကိုယူရမှာလဲ..?"
"ဟင့်အင်း Taeကိုပဲယူရမှာ မယူလို့ကို လုံးဝမဖြစ်ဘူးနော်.."
"ဘာဖြစ်လို့အသေချာပြောနေတာတုန်း..အလှလေးရဲ့.."
"ခိခိ အဲ့တာက Jungkookတစ်နေ့သိလိမ့်မယ် Jungkookအတွက် အဖိုးတန်တယ်.."
ဘာမို့လို့ ဒီကောင်လေးကို ရှက်သွေးဖြာစေတာလဲမသိ ပါးလေးတွေ နားရွက်ဖျားလေးတွေ ရဲတောက်ကာ နုတ်ခမ်းလေးကို ကိုက်ထားသေး..
YOU ARE READING
My Life{Completed}
FanfictionJeon Jungkook & Kim Taehyung "Taeအတွက် အဖိုးတန်လေးတွေကိုတော့ ချန်ထားပေးလို့ကျေးဇူးတင်ပါတယ် Jungkook..." "ဟန်ဆောင်တဲ့စကားတွေကြားမှာ ကိုယ်နှလုံးသားငိုကြွေးနေတာကို Taeမြင်နိုင်ရင်သိပ်ကောင်းမယ်" "Taeအတှကျ အဖိုးတန်လေးတွေကိုတော့ ချန်ထားပေးလို့ကျေးဇူးတင်ပ...