(🆉)
ဒီနေ့လည်း ရောက်လာပြန်တဲ့ Jungkook...အင်း ဟိုမိန်းမရှိနေလို့ပဲ နေ့တိုင်းလာနေတာနေမှာပေါ့...အဲ့လောက်စိတ်မချဖြစ်နေရင်လည်း ကိုယ့်ဟာမကိုယ် ထိန်းပြီး မြန်မြန်ယူတာမဟုတ်ဘူး..အာရုံလာစားနေတယ်...ဟွန့်
"ဘာလာလုပ်ပြန်တာလဲ ကိုယ့်ဟာမကိုယ်စိတ်မချရင် တစ်ခါတည်းခေါ်သွားလေ မျက်စိနောက်တယ် 3လစာပေးပြီး အလုပ်ထုတ်ပေးမယ် မလာနဲ့တော့ ရှင်းလား..??"
မျက်လုံးတစ်ပြူးပြူးနဲ့ အလုပ်ရှင်ပမာပြောနေတဲ့ Taehyungကြောင့် Jungkookမှာ ရီချင်ပေမဲ့ မရီရဲ..
တော်ကြာနေ စိတ်ဆိုးပြီး သားလေးတွေနဲ့ ပေးမတွေ့မှဖြင့်.."အဟမ်း..ဒါလေးက သဝန်တိုနေတာလား..?ဘာလား.?"
"ဘာ!? မဟုတ်ပါဘူးနော်. အဲ့လိုမျိုးမရှိပါဘူးနော် ဝေးသေး ဟဟ ငါအဲ့လိုမျိုးမရှိတော့တာကြာပြီ..အဟမ်း.."
"အင်းပါ..ယုံပေးမယ်..ဘယ်မှာလဲ ကိုယ့်သားလေးတွေ.."
"တကယ်မဟုတ်ပါဘူးဆိုနေမှ..သားတွေက အိပ်နေတယ် ပင်ပန်းလို့ ပြီးတော့ မင်းသားမဟုတ်ပါဘူးဆိုနေ..ဟွန်း.."
အိပ်နေတဲ့ ကလေးတွေနား သွားပြီးတော့ ပါးလေးတွေကို ဖွဖွနမ်းကာ..
"တကယ်ပဲ အခုထိလိမ်နေတုန်းလား..?"
"ဘာကိုလဲ? ဘာပဲဖြစ်ဖြစ် မင်းနဲ့ပတ်သက်စရာအကြောင်းမှမရှိတာ...ထားခဲ့တုန်းကထားခဲ့ပြီးတော့ အခုမှ.~"
တိမ်ဝင်သွားတဲ့အသံလေးနဲ့အတူ ဝမ်းနည်းစိတ်က ဝင်ရောက်လာသည်။ဧည့်သည်တွေရဲ့ မှာယူမှုကို လိုက်မှတ်နေတဲ့ Hanaကိုကြည့်ကာ...
ဒေါသထွက်လာပြီး..
"သွား!ပြန်တော့..!လိုက်မနှောင့်ယှက်နဲ့တော့..!"
Jungkookကိုအော်ပြောတဲ့ Taehyungရယ် Jungkookမှာတော့ Taehyungကို ပြောမလို့ပြင်နေတုန်းအော်ပြောတာကြောင့် ကြောင်တောင်တောင်ဖြစ်သွားသည်။
"Taeရာ..."
သွားဖတ်ဖို့ပြင်တော့ လက်ကိုပုတ်ချကာ Storeခန်းထဲဝင်သွားသည်။
"ဟို ကလေးတွေကိုကြည့်ထားပေးပါအုံး.."
"ဟုတ်ကဲ့ အစ်ကိုလေးJungkook."

YOU ARE READING
My Life{Completed}
FanfictionJeon Jungkook & Kim Taehyung "Taeအတွက် အဖိုးတန်လေးတွေကိုတော့ ချန်ထားပေးလို့ကျေးဇူးတင်ပါတယ် Jungkook..." "ဟန်ဆောင်တဲ့စကားတွေကြားမှာ ကိုယ်နှလုံးသားငိုကြွေးနေတာကို Taeမြင်နိုင်ရင်သိပ်ကောင်းမယ်" "Taeအတှကျ အဖိုးတန်လေးတွေကိုတော့ ချန်ထားပေးလို့ကျေးဇူးတင်ပ...