(🆉)
ဒီနေ့က ကျွန်တော်တို့ နှစ်ယောက်လုံးရဲ့ ဆန္ဒတွေပြည့်ဝတဲ့နေ့လို့ကြောရမလား..?
အရောက်ချင်ဆုံး အရင်က ခဏခဏအိပ်မက်မက်ပြီး စိတ်ကူးယဉ်ခဲ့တဲ့ အချိန်လို့ပြောရမလား..?
လူများများစားစားမရှိတဲ့ လက်ထပ်ပွဲ..
Jungkookဘက်မှာ Hanaနဲ့ သူ့အဖေရဲ့ Bodyguard နှစ်ယောက်သာရှိသလို Taehyungဘက်မှာလည်း RM Jin နဲ့ ကလေးနှစ်ယောက်သာရှိသည်။
တရားရုံးမှာပဲ အကျဉ်းကျုံးလက်ထပ်ကြမှာမလို့ ကြမ်းရွတ်ပေးမဲ့ ဖာသာလည်းမရှိ..။
ဒီတိုင်းပဲ လက်ထပ်မှတ်ပုံတင်ပြီး နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးကြသည်။
သူများတွေလို ကြီးကြီးကျယ်ကျယ် ဖာသာရှေ့မှာ မင်္ဂလာဆောင်ချင်ပေမဲ့ အခုအခြေအနေရ ဘယ်လိုမှ မဖြစ်နိုင်ဘူးမလား..?
သူတို့သာ အဲ့လိုလူသိရှင်ကြား လက်ထပ်ဖြစ်ခဲ့ရင် Jungkook အဖေက သိသွားမှာလေ..
ကလေးနှစ်ယောက်ကတော့ ပျော်နေပေမဲ့ ကျန်တဲ့ လူကြီးတွေကတော့ ကြည်နူးမျက်ရည်တွေသွန်းမိုးနေကြသည်။
Jinဆိုအဆိုးဆုံး..ငါ့ကလေးလေး လူကြီးဖြစ်ပြိ လူကြီးဖြစ်ပြီနဲ့ ငိုနေလိုက်တာဆိုတာ..
သူတို့ရဲ့ အသက်ဖြစ်တဲ့ စာချုပ်မှာ Jungkookရဲ့လက်မှတ်က လှလှပပရေးထိုးလိုက်သလို Taehyungရဲ့ လှလှပပလက်မှတ်ကလည်း နေရာယူပြီးသွားပြီဖြစ်သည်။
..ကျွန်တော်တို့နှစ်ယောက်ရဲ့ စစ်မှန်သောအချစ်ကြောင့် ဒီဘဝတစ်ခုလုံး မခွဲရပါစေနဲ့ ဘုရားသခင်...
.
_
.
_
.
_
.
"Wow..အစ်ကိုလတ် တစ်ကယ်ပဲ Taeတို့နှစ်ယောက် ဒီမှာပဲ နေရမှာလားဟင်..?""အင်း..ဒါပေါ့..အခုက မိသားစုစုံစုံလင်လင်ရှိသွားပြီဆိုတော့ အစ်ကိုတို့နဲ့ခွဲရတော့မှာပေါ့. ပေါက်စရဲ့. "
"ဒါပေမဲ့ Taeအစ်ကိုတို့နဲ့ မခွဲနိုင်သေးဘူး..ခြံထဲက ပန်းလေးတွေကို ဘယ်သူဂရုစိုက်မှာလဲ? ပြီးတော့ အစ်ကိုတို့ကို ဘယ်သူက နှိပ်ပေးမှာလဲ Taeက ချွဲလို့လည်းမရတော့ဘူး.."
Jinမှာ မျက်ရည်တွေနဲ့ကြည့်ပြီး
"အိမ်လာလည်လေ ငယ်လေးရာ ဒါ အစ်ကိုတို့နှစ်ယောက်ရဲ့ လက်ဖွဲ့ပဲ သိလား..အကုန်လုံး စီစဉ်ပြီးသား ဘာမှပူစရာမလိုဘူး..."

YOU ARE READING
My Life{Completed}
FanfictionJeon Jungkook & Kim Taehyung "Taeအတွက် အဖိုးတန်လေးတွေကိုတော့ ချန်ထားပေးလို့ကျေးဇူးတင်ပါတယ် Jungkook..." "ဟန်ဆောင်တဲ့စကားတွေကြားမှာ ကိုယ်နှလုံးသားငိုကြွေးနေတာကို Taeမြင်နိုင်ရင်သိပ်ကောင်းမယ်" "Taeအတှကျ အဖိုးတန်လေးတွေကိုတော့ ချန်ထားပေးလို့ကျေးဇူးတင်ပ...