Unicode
ပတ်ဂျီမင်း သည် JS သို့ရောက်ရှိလာတာနှင့် ကိုယ်စားလှယ်ဘတ်ကအလျင်အမြန်လာကြိုတော့သည်။ကိုယ်မပါလဲလတ်မှတ်ထိုးလို့ရသည့်ကိစ္စကို mr.mattew ကဘာကြောင့်များလဲဆိုတာ သိနေသည်။ လက်မှတ်ထိုးပေးရင် ကုတင်ပေါ်ရောက်ချင်နေကြတဲ့ သူငယ်ပြန်စိတ်တွေကိုရိုက်ချိုးချင်ပါသည်။" boss..."
" သွားကြမယ်..."
အပေါ်ကုတ်ကိုဆွဲချွတ်လိုက်ရင်း ကိုယ်စားလှယ်ဘတ်လက်ထဲသို့ထည့်လိုက်ကာ ရှက်အင်္ကျီအဖြူလက်ရှည်ကိုတံတောင်ထိဆွဲတင်လိုက်တော့သည်။ဒါ ပတ်ဂျီမင်းအလုပ်အချိန်အတွင်မှာ မြင်ရသည့်အရိပ်အယောင်ပင်။ဝန်ထမ်းတချို့ကတော့ ဖြတ်သွားသော သူတို့ boss ဆွဲဆောင်နေမှုကြီးကိုငေးနေကြသည်။
အလုပ်အခန်းထဲရောက်တော့ အနောက်တိုင်းသားဖြစ်သည့် mr.mattew က ကိုယ်စားလှယ်ဘတ်နဲ့စကားပြောချိန်တွင်ခက်ထန်လွန်းသော မျက်နှာကနေ boss ကိုမြင်တော့ သကြားကိုအရည်ကျိုထားသည့်မျက်နှာကြောင့် ကိုယ်စားလှယ်ဘတ် နှာတစ်ချက်မှုတ်လိုက်သည်။အလကား ရှယ်ယာရှင်တွေ boss ရဲ့မျက်နှာကိုမြင်ချင်နေတာနဲ့ လက်မှတ်မထိုးဘူးပါဘူးလုပ်နေတည်းကသိတယ်။
ကိုယ့်စားလှယ်ဘတ်မှာ ငယ်ငယ်လေးရှိပြီး ပတ်ဂျီမင်းတစ်ခွန်းဆိုတာနဲ့ခေါင်းငုတ်ကာ အကုန်စိတ်တိုင်းကျလုပ်ပေးတတ်ပြီး ပတ်ဂျီမင်း ရဲ့အရေးပါဆုံးသူလလည်းဖြစ်သည်။ boss မလာရင်သူကအကုန်စီမံခန့်ခွဲရတာမို့ ဝန်ထမ်းအချင်းချင်းတောင် အနည်းငယ်ရှိန်ကြသည်လေ။ဘာကြောင့်ဆို ပတ်ဂျီမင်းရဲ့မွေးစားသားလို့တောင် အမည်တွင်စနောက်ခေါ်ကြသည်။
mr.mattew ကတော့ ပတ်ဂျီမင်းစကားပြောနေစဥ် တစ်လျှောက်လုံး ပြုံးရယ်ကာဖြင့် နောက်ဆုံးတာ့လက်မှတ်ထိုးဖြစ်သွားတော့သည်။ ဂျီမင်းသည် mr.mattew ကမ်းလာသောလက်အား နှုတ်ဆက်လိုက်ရသည်။မထင်မှတ်ထားတာ လက်ဖမိုးကို နမ်းခြင်းကြောင့် မှတ်ခုံးတန်းတွေက ထောင်မတ်သွားသော ဂျီမင်း။
အနောက်တွင်ရပ်နေသော သတ်တော်စောင့်ကလည်း လာရန်ကြံနေသောခြေထောက်တွေကို ရိပ်မိပြီး ဂျီမင်း လက်နှင့်မသိမသာပြလိုက်သည်။ နမ်းတာလုပ်တာကိုစာမဖွဲ့ပေမဲ့ အလုပ်ကိစ္စမှာတော့ ဒီလိုတနှာထရင်မနက်ဖြန် ထိုလူဟာဆေးရုံရောက်နေပြီလေ။အခုကနိုင်ငံခြားသားဖြစ်တဲ့အတွက် အနောက်တိုင်းဆန်သည့်အယူအဆတွေကြောင့်ဘာမှမပြောမိပါ။
BẠN ĐANG ĐỌC
Sponsor
Fanfictionsponsor ဆိုတာ နောက်ကွယ်တစ်ခုကထိန်းချုပ်ထားတဲ့ လူမျိုး။ ဒါပေမဲ့ sponsor ဆိုတာ တစ်ယောက်သူအတွက်ပဲရှိနေမှာ... JIKOOK FanFiction font - Unicode and Zawgyi