အပိုင်း(၂၆)

822 135 36
                                    

Unicode


တိတ်ဆိတ်​နေတဲ့အိမ်ကြီးထဲမှာ ​ဂျောင်ဂုသည်တစ်​ယောက်တည်းဖြစ်၍ အရက်ပုလင်းသည်လည်းတစ်ဝက်ကျိုး​နေ၍ စားပွဲပေါ်ကဖုန်းအားအခါခါကြည့်ရင်း ဂျီမင်းဆီကိုဆက်သွယ်သင့်လားဟု​တွေးမိ​ပေမယ့် ​စိတ်ထဲက​တော့ဝန်​လေး​နေမိတယ်။​ခေါ်ဆိုလိုက်ပြန်ရင်လည်းသူ့ဘက်က​နေဘာစကား​ပြောရမှန်းမသိ။​

ခင်ဗျားကသိပ်စိတ်ရှုပ်စရာ​ကောင်းတာပဲ။အရက်ခွက်အားလက်ဖြင့်လှည့်ကာ ဧည့်ခန်းအားကြည့်​တော့မြင်လာသည့် ပတ်ဂျီမင်း၏ပုံရိပ်​တွင် ​​ကော်ဖီခွက်ကိုင်လျက်ဖြင့်အလုပ်လုပ်​နေသည့်အခါ၊သူနဲ့အတူတူခန္ဓာကိုယ်ခြင်းဆက်နွယ်သည့်အရိပ်အ​ယောင်​တွေအားမြင်လာရ၍ မျက်လုံး​တွေအားလက်ဖြင့်ပိတ်လိုက်ပြီး သက်ပြင်းချလိုက်ရသည်။

သူဘာလုပ်သင့်သည်မှန်းတကယ်မသိ​တော့ပါ။ယ​နေ့အိမ်ပြန်လာတဲ့အခါတိတ်ဆိတ်​နေခြင်းကလည်း သူ့အတွက်​​တော့တစ်ခုခု​ပျောက်ဆုံး​နေရတယ်လို့ခံစားနေရပြန်သည်။စိတ်ပျက်မိတယ် ကိုယ့်ကိုလည်းပဲ။ကံ​တွေအလှည့်အ​ပြောင်းခဏမှာ လူတစ်​ယောက်ကိုသူ့ဘဝထဲအထိဖြည့်​တွေ​ပေးလာရလိမ့်မယ်လည်းမထင်။အ​ဖေနဲ့အတူတူ​နေခဲ့ရသည့်အ​ခြေအ​နေကအခုလိုမျိုး သက်​တောင့်သက်သာ​နေတာမျိုးမဟုတ်​ပေမယ့် အိမ်နဲ့ဆိုင်ကိုသာသွားလိုက်လာလိုက်လုပ်​နေရတဲ့သူ့ဘဝမှာ ခဏ​လေးအတွင်းမှာ​ပြောင်းလဲသွားရပြန်သည်​လေ။

အချစ်ဆိုတာမခံစားချင်လို့ဘဝတစ်ခုကိုသာ အဆင်​​ပြေ​ပြေ​နေသွားချင်​တာအမှန်။အခုလိုမျိုးဖြစ်​​နေတဲ့ကိုယ့်ကိုလည်းအားမရဖြစ်​နေမိတယ်။ပတ်ဂျီမင်းကြောင့်ဖြစ်လာသည့်သူ့ဘဝကသစ်ပင်ကြီးကြီးမှာဖြစ်တည်လာသည့်သစ်ရွက်ဘယ်အချိန်မှာ​ကြွေကျမလဲကို​စောင့်​နေရသလိုပဲ။

•••••

london တွင်မနက်ပိုင်းဖြစ်၍ Hotel အတွင်အနားယူ​နေ​​သော ဂျီမင်းကမနက်စာစားရင်းဖြင့် ဒီ​နေ့​တွေ့ဆုံရမည်ရှယ်ယာရှင်​တွေအ​ကြောင်းကို ကိုယ်စားလှယ်ဘတ်စီက​နေနား​ထောင်​နေလိုက်သည်။ဒဏ်ရာရဲ့အရှိန်ကမ​ပျောက်​သေး​သော်လည်း အလုပ်က​တော့လုပ်မှဖြစ်မည်​လေ။

SponsorTempat cerita menjadi hidup. Temukan sekarang