အပိုင်း (၄)

1.8K 269 101
                                    

Unicode

XG company တွင် အနုပညာသင်တန်းတက်​နေရ​သော ​ဂျောင်ဂုက​တော့ စိတ်​တွေရှုပ်​ပေမဲ့ ဒီအလုပ်ကို​တော့ ​​သေချာအာရုံစိုက်မိ​နေသည်။ သို့​ပေမဲ့ မျက်စိထဲ​ပေါ်​ပေါ်လာသည် ခါးသွယ်သွယ်​ပေါ်က Calvin Klein ​underwear ကြောင့် စိတ်ကမယိုးမယွ။​ ' သေလိုက်ပါ​တော့ ဂျွန်​ဂျောင်ဂု ရယ် ' လို့ စိတ်ပျက်စွာစိတ်ထဲက ညီးညူမိသည်။

သင်တန်းကသိပ်​ကောင်း gym ပါ​လေ့ကျင့်​စေခိုင်းသည်မို့ ရုပ်ရှင်အတွက် လိုအပ်လို့လား​တွေးမိသည်။မဟုတ်မှာ ငါ့ကို porn ရိုက်ခိုင်း​မှာတော့မဟုတ်ဘူးမလား။ အခုချိန်ထိ script မဖတ်ရ​သေးသိမို့ နည်းနည်း​တော့လန့်မိသား။ပတ်ဂျီမင်းက​တော့ အဲ့​လောက်ထိ​တော့ သူ့အ​ပေါ်လုပ်မှာမဟုတ်ပါဘူး ​တွေးမိ​ပေမဲ့ တကယ်လိုသာဆိုရင်​တော့ သူဘာ​ကောင်လဲဆိုတာ ​သေချာပြဖို့ပဲရှိ​တော့သည်။

gym ​နေရာတွင် ​ဂျောင်ဂုအား ခပ်​ဝေး​ဝေးက​နေ​​ငေး​နေကြသည့် မိန်းက​လေးအများစုက တိုးတိုးတိတ်တိတ်​တွေဖြစ်​နေကြသည်​လေ။သင်တန်သားအသစ်ကိုစိတ်ဝင်စားကြ​ပေမဲ့ သင်တန်းအသစ်က တစ်​ချက်​တောင်စိတ်ဝင်စားဖို့မရှိပါ။
ဘဝမှာ ​နေ့က​နေ ညအတွင်း မင်းသား​အဖြစ် လုပ်ရမဲ့လို့ ဘယ်သူထင်မလဲ။ ဒါ​ပေမဲ့လည်း ​ခေါင်းထဲမှာ ငါကပိုက်ဆံဆပ်ဖို့အလုပ်လုပ်ရမည်​လေ ဆိုတာကြီးက ​ခေါင်းထဲအပြည့်။

ည​နေ​​စောင်း​လောက်တွင် ​စောင့်​နေ​သော လူနှစ်ဦး​ကြောင့် စိတ်ပျက်မိသည်။သမ္မတ​သား​တောင် အဲ့​လောက်အထိန်းအကြပ် မများ။ ချီဟွန်းနှင့်အယ်လ်စ် ကလည်းထပ်ကြပ်မကွာ အ​နောက်က​​နေလိုက်​နေခြင်းက အစိတ်ရှုပ်မိသည်။ ချီဟွန်းသည် ကားတံခါးအားဖွင့်​ပေးပြီး ​ဂျောင်ဂုလည်း ကားတွင်ထိုင်လိုက်ကာ ​ကား​မောင်သူ အယ်လ်စ်ကိုကြည့်​တော့လည်း မျက်နှာ​ကြောကတင်း​လှသည်။

"မင်းတို့ boss အိမ်မှာရှိလား "

" ဒီ​နေ့ boss  ကိုမ​စောင့်ပဲ အိပ်ရာဝင်လို့ရပါတယ် mr.jeon "

​ဂျောင်ဂုသည် ထိုအ​ပြော​ကြောင့်မျက်​မှောင်ကျုံ့မိသွားရာ ထ​ဆဲ​တော့သည်။

SponsorDonde viven las historias. Descúbrelo ahora