အပိုင်း (၂၄)

1.5K 153 128
                                    

Unicode

ဧည့်ခန်းတွင်တိတ်ဆိတ်ညင်သက်မှုကလူတိုင်းရဲ့စိတ်ကို​ကြောက်လန့်နိုင်​ပေမယ့် အပြင်က လျှပ်စီးအ​ရောင်အဖြူတန်းကြီးကလင်းထိန်သွားပြီ​နောက် မိုးချိန်းလိုက်သည့်အသံကဟိန်းထွက်လာ​တော့သည်။ထိုအသံက အန်မတုနိုင်တဲ့နှစ်​​ယောက်လောက်​တော့ ျကြာက်စရာမ​ကောင်း။

ခုနထဲက​ခေါင်းကိုက်ချင်​နေသည်​ကြောင့် ဘယ်သူမှကိုစကားမ​ပြောချင်၍ သူ့အ​ရှေ့တွင်ရပ်​နေ​သော ​ဂျောင်ဂု ကိုတစ်ချက်ကြည့်လိုက်ပြီး ထွက်သွားဖို့လုပ်လိုက်သည်။​စောင့်ဆွဲခံလိုက်သည့် လက်​ကောက်ဝတ်​ကြောင့် နာကျင်မိ​သော်လည်း ဒီ​လောက်နဲ့​တော့သူ့က​ပျော့ညံ့​နေသူမဟုတ်။

"​ပြောစမ်းပါဦး ပတ်ဂျီမင်း"

"ငါကဘာ​ပြောရမှာလဲ... ငါ့လက်ကိုလွှတ်ပြီး မင်းအခန်းမင်းပြန်တာ​ကောင်းမယ်"

"ဟက်....."

​ပြော​နေရင်းက​နေ လက်​ကောက်ဝတ်အား,အားထည့်၍ဖိထား​သော​ကြောင့် ​သွေး​လွှတ်​ကျော​တွေကိုပိတ်သွား​အောင်လုပ်လိုက်သလိုပင်။​ဂျောင်ဂု မျက်ဝန်း​တွေကအနီ​ရောင်သို့​ပြောင်း​လဲ​နေပြီး ယခုချိန်မှာသူ့ဒဏ်ရာ​ကြောင့်သာ ရန်စကားမ​ပြောချင်​သော်လည်း ​ဂျောင်ဂု က​တော့သူ့ကိုအလွတ်​ပေးမယ်မထင်။

"​ငါ့လက်ကိုလွတ်​တော့ ​ဂျောင်ဂု...ငါ့အဆိုးမဆိုခင် လက်လွှတ်တာ​ကောင်းမယ်"

"လွှတ်ရမယ်...ဘာလဲ ငါက ခင်ဗျားအ​ကောင်မဟုတ်လို့လား"

"ဘာ...!"

"ဘာလဲ... အခုကျ​တော့အ,ချင်​ယောင်ဆောင်​နေပြန်ပြီ​ပေါ့....တ​လောကလုံးက ငါ့ကို ခင်ဗျားရဲ့​ခွေးလို့ထင်​နေကြတာကို ခင်ဗျားကဘာမှမဖြစ်​ပေမယ့် ငါက​တော့ငါ့ဘဝကိုအခုလိုထင်ခံ​နေရတာကို မုန်းတယ်"

"​​အေး...အထင်မခံချင်လည်း မင်းအ​ဖေရဲ့​အကြွေး​တွေငါ့စီအရင်ဆက်​လေ။မင်းက​ရော အခုလို​ပြော​ဆိုခွင့်ရှိ​နေတယ်ဆိုပြီး ​ရောင့်တက်မလာနဲ့"

​တစ်​ယောက်က​မေတစ်​ယောက် ​ဒေါသသံဖြင့်ဆို​နေကြသည်က အပြင်ကမိုးချိန်းသံ​တွေထက်​တောင်ဆိုးရွားလွန်း​နေသည်။ဂျီမင်း သည် လက်​ကောက်ဝတ်ကိုတင်းကြပ်စွာရုပ်ကိုင်ထား​သော ​ဂျောင်ဂုလက်ကိုဆွဲဖြုတ်လိုက်တော့၏။

SponsorWhere stories live. Discover now