အပိုင်း (၁)

4.1K 413 130
                                    

Unicode


"အကုန်ရှာစမ်း!!!!!!"

အနက်​ရောင်ဝတ်စုံဖြင့် ဝတ်ထား​သော လူဆယ်​ယောက်​လောက်က အိမ်ထဲတွင်​ဝင်​ရောက်​​သောင်းကျန်း​နေ​ကြ​တယ်​လေ။အပြင်ဘက်မှာ ​ကြောက်စိတ်ဖြင့်ထိုင်​နေသည့် အသက်လူကြီးပိုင်းအရွယ်က​တော့ ​ဒူး​ထောက်ထိုင်​နေတယ်​လေ။

"ဘယ်​တော့ ပိုက်ဆံပြန်ဆက်ဖို့စိတ်ကူးထားလဲ ဦး​လေး"

စတီကုလားထိုင်တွင်​ ခြေချိတ်ထိုင်ကာဖြင့် နှုတ်ခမ်းထိပ်က ​ဆေးလိပ်​ငွေ့မှာ တ​ထောင်း​ထောင်းပင်။ကုန်သွားတဲ့ ​စီးကရပ်တိုအား နင်း​​ချေလိုက်ကာဖြင့် အိတ်ကပ်ထဲက Sobranie london တံဆိပ်ဖြင့်နာမည်ကြီး ​စီးကရက်ဘူးကိုဖွင့်ကာ နောက်ထပ်တစ်လိပ်​ထုတ်​သောက်ရန်ပြန်​တော့ ​ဘေးကအနက်​ရောင်ဝတ်စုံလူကအနားသို့လာပြီးမီးခြစ်​ပေးရှာသည်။

"ခဏပဲ ​စောင့်ပါ... ကျုပ်တို့ အဆင်မ​ပြေ​သေးလို့ပါ။ကျုပ်သားလာရင် ကျုပ်​ပြောပြပြီး သူဌေး အ​ကြွေးကိုဆပ်ပါမယ်"

​ဆေးလိပ်​သောက်ကာ ရယ်လိုက်၍ သူ​ခြေ​ထောက်ကိုဖက်တွယ်ထားသည့် လက်​တွေကို ခါချလိုက်တယ်​လေ။ခပ်ဟဟရယ်လိုက်ပြီးကာ အထဲကသူ့ လူ​တွေကိုထွက်လာဖို့​ပြော၏။သူ​ဌေး ဆိုသည့်လူသည်တချက်​ပြောလိုက်တာနဲ့ အနက်​ရောင်ဝတ်စုံဝတ်ထားသည့်သူ​တွေလည်း အမိန့်နာခံစွာဖြင့် အိမ်ထဲကထွက်လာကြ​တော့သည်။ရှုပ်ပွမှုမရှိ​ပေမဲ့ အနည်းငယ်​တော့ပုံမကျဖြစ်သွားသော်လည်း အိမ်ငယ်​လေးက​တော့ သပ်သပ်ရပ်ရပ်ပါပဲ။

"ခင်ဗျား အ​ကြွေး​တွေက ခင်ဗျားသား​တောင်ဆက်နိုင်ပါ့မလား"

"ကျုပ်တို့ ဆက်နိုင်ပါတယ်ခင်ဗျာ ခဏပဲ​စောင့်​ပေးပါ သူ​ဌေး...."

"​​ရွှေပါးစပ်က​တော့ အဆင်​ချော​အောင်ကို​ပြောတတ်လိုက်တာ ဦး​လေးရယ် ​ဟျောင့်​တွေ...ဒီဦ​လေးကို မြန်မြန်ဆန်ဆန် နိဗ္ဗာန်ယာဥ်ပို့​ပေးသင့်လား..."

"ပို့​ပေး သင့်ပါတယ် boss"

သူ​ဌေးတစ်ချက်​ပြောတာနဲ့ အ​နောက်ကလူယုံ​တွေကလည်း တစ်ချက်တည်း နာခံတတ်တာ အလွန်ကို​အစီးထက်လှပါသည်။ပတ်ဝန်ကျင်ကလည်း ညလယ်ပိုင်းဖြစ်တာ​ကြောင့် တချို့အိမ်​တွေကအိပ်နေကုန်ကြပြီ​ဖြစ်သည်။ဒီလိုပွဲကို ရပ်ကွက်ထဲမှာမြင်ရတာမထူးဆန်း​တော့ဘူး​လေ။

SponsorHikayelerin yaşadığı yer. Şimdi keşfedin