Unicode
အိမ်သို့ပြန်ရောက်တော့ တစ်ချိုးတည်း အခန်းထဲသို့တန်းဝင်သွားသော ဂျောင်ဂု ကိုကြည့်ပြီး ဂျီမင်း ခေါင်းခါလိုက်သည်။ ဘာရှက်စရာရှိလို့ ဒီလောက်ထိဖြစ်ပျက်ပြနေတာလဲဆိုတာကိုမတွေးနိုင်။ ဝတ်ထားသော အပေါ်ထပ်ကုတ်အား ချွတ်လိုက်၍ ဆိုဖာတွင်ထိုင်လာတော့ ဂျေးလက်ထဲတွင် အဆင်သင့်လာပေးသော ရေခွက်ကိုယူကာ မော့လိုက်သည်။
"မနက်ဖြန် ဂျောင်ဂုအတွက် မန်နေဂျာရော၊ မိတ်ကပ်၊ ဒီဇိုင်နာ အကုန်စီစဥ်ထားပေးလိုက် "
"ဟုတ်ကဲ့ boss..."
သက်တော်စောင့် နှစ်ယောက် သယ်သွားသော ပန်းချီကားချပ်မှာ လသာဆောင်တွင်ထားတာကိုကြည့်ပြီး စိတ်ပျက်စွာဖြင့် မျက်ရိုးနှစ်ခုကြားကို လက်ဖြင့်နှိပ်လိုက်ပြီး ဂျေးကိုလှမ်းပြောလိုက်သည်။ဘာပဲဖြစ်နေပါစေ ဒီကိစ္စကိုသူကျော်မသွားနိုင်တော့ပါ။အလျှော့ပေးပေါင်းများလာရင် ရောင့်တက်ချင်စိတ်တွေများလာတတ်တာမို့ ဒီတစ်ခါတော့ သူ့ဘက်က တုန့်ပြန်သင့်နေပြီလေ။
"ပတ်ဆောင်မင်း ရဲ့ပိုင်ဆိုင်တဲ့ထဲက စက်ရုံကိုမီးရှို့လိုက် ဂျေး"
"ဟုတ်ကဲ့ boss"
ဂျေးသည် နှုတ်ဆက်ကာဖြင့် ထွက်သွားတော့မှ တစ်အိမ်လုံးတိတ်ဆိတ်သွားပြီး ဂျီမင်းတစ်ယောက်တည်းသာကျန်ခဲ့တော့သည်။မျက်လုံးထဲပြန်မြင်လာသည့် လက်ဖျားကကျဆင်းလာသော သွေးစက်တွေကြောင့် ခေါင်းကပို၍ နောက်စစပြုလာတော့သည်။မပြီးသတ်သေးတဲ့ကိစ္စတွေကရှိနေသေးသောကြောင့်ကိုယ်စားလှယ်ဘတ်ကို ဖုန်းဆက်လိုက်သည်။
"ကိုယ်စားလှယ်ဘတ် ဥက္ကဌကြီး ရောင်းလိုက်တဲ့ ပတ်ဂျီဟယ် ခြံဝန်းကို ဘယ်သူဆီပဲရောင်းရောင်း အခုပြန်ဝယ်၊ ပြီးတော့ အဲ့မြေပေါ်မှာအိမ်ဆောက်ဖို့ပါ တစ်ခါတည်းချိတ်လိုက် "
"ဟုတ်ကဲ့ boss... ဒါနဲ့ mr.xiao က boss ကိုတောင်းပန်ပါတယ်ဆိုတဲ့အကြောင်းကိုပြောခိုင်းလိုက်ပြီး အခုယူသွားတဲ့ ပန်းချီကားကိုလည်း ထက်ဝက်စျေးနဲ့လျော့ပေးသွားတယ်"
YOU ARE READING
Sponsor
Fanfictionsponsor ဆိုတာ နောက်ကွယ်တစ်ခုကထိန်းချုပ်ထားတဲ့ လူမျိုး။ ဒါပေမဲ့ sponsor ဆိုတာ တစ်ယောက်သူအတွက်ပဲရှိနေမှာ... JIKOOK FanFiction font - Unicode and Zawgyi