အပိုင်း(၂၇)

908 119 57
                                    

Unicode

ည​နေ​စောင်းချိန်ဖြစ်သည့်အပြင် မိုးဖွားဖွားကလည်း  london တခွင်ရွာသွန်း​နေပြီး hotel ခန်းထဲတွင်ပွဲတက်ဖို့အဝတ်အစားပြင်ဆင်​ပေး​​နေ​သောstylistကဂျီမင်းကိုကြည့်ပြီးဂုဏ်ယူ​နေ၏။london ​ရောက်လာတိုင်းဂျီမင်းအတွက်အထူးသီးသန့်ပြင်ဆင်​​ပေးရတာဆို​တော့ အခုဆိုနှစ်ဘယ်​လောက်ကြာလဲ​တောင်မမှတ်မိ​တော့ပါ။

အနက်​ရောင်ကိုယ်ကြပ်အ​နောက်တိုင်းအဝတ်အစားက အသားအ​ရေကိုထင်​ပေါ်​အောင်လုပ်ထားပြီးသပ်တင်ထားသည့်ဆံပင်​တွေ​ကြောင့်မျက်နှာ၏တည်ကြည်ခန့်ညားမှုကို​ပေါ်လွင်ကာ နားတစ်ဖက်တွင်တလဲ့လဲ့ဖြင့်လှုပ်ရမ်း​နေသည့် နားဆွဲ​ကြောင့်မြင်သူအများက​တော့ ပတ်ဂျီမင်း ​ခြေချတိုင်းကို​ကျောခင်းကာပန်းကြဲမည်ဆိုတာ သိ​နေသည်​လေ။

​ခေါင်းအစ​​ခြေအဆုံးအထိပြင်ဆင်ပြီး​တော့ ဝန်ထမ်းမှလာ​ပေးသည့်လက်ဝတ်ရတာနာဘူးကိုကြည့်ပြီး လက်​ကောက်နှင့်လက်စွပ်ကိုသာဆင်မြန်းလိုက်သည်။ကိုယ်လုံး​ပေါ်မှန်တင် ကိုယ့်ပုံအားကြည့်​တော့​အ​နက်​ရောင်ရှက်လက်အားတံ​တောင်ဆစ်ထိခေါက်တင်လိုက်ကာ​​​ ​ဂျေးမှကမ်းလာသည့် coatအတိုအားလှမ်းယူလိုက်၍ သူ့အားပြင်ဆင်​​ပေးသည့် stylist အား​ကျေးဇူးတင်​ကြောင်း​ပြောကာ ​ဂျေးက​သောက်​ဆေးအချို့ကို​သောက်လိုက်၍ ​သေနတ်ကိုခါးကြားအထိထည့်ကာ hotel အခန်းမှထွက်လာခဲ့သည်။

ကားပါကင်၌အသင့်​စောင့်​နေ​သောကားနားတွင် simon ဆိုသည့်​ကောင်​လေးအား​တွေ့ရသည်။ကိုယ်စားလှယ်ဘတ်နှင့်​ဂျေးတို့သည် ကားတံခါးအားအသင့်ဖွင့်လျက် simon ကသူ့အနားသို့​ရောက်လာကာ ​သူ့ထပ်မြင့်​သောအရပ်၊အဖြူ​ရောင်ဆံပင်နှင့်နိုင်ငံခြားသားဆိုသည့်အတိုင်းမျက်စံအိမ်ကအဖြူ​ရောင်၊​မော်ဒယ်မှာရှိသင့်သည့်အ​နေအထားကိုလည်းပိုင်ဆိုင်ထားသည်။

ဘတ်ယူကသူ့အ​ကြောင်း​ပြောပုံအရဆို simon ကဘာသာစကားအမျာကြီးတက်သည့်အပြင်။စရိုက်က​တော့ကြမ်းလှသည်ဆို​ပေမယ့် အခုလိုပုံစံကြ​တော့လည်း​ခွေး​​ပေါက်အဖြူလေးကသူ့​ရှေ့ရောက်လာသလိုပဲ။

SponsorTahanan ng mga kuwento. Tumuklas ngayon