အပိုင်း (၂၁)

1.3K 186 43
                                    

Unicode

တိတ်ဆိတ်​နေတဲ့ထိုညမှာ ​ဂျောင်ဂု သည်​ရေချိုးပြီး သူ့လက်ထဲတွင် မနက်ဖြန်အတွက်​​ပြောရမည့်စကား​တွေမှတ်ကာဖြင့် မျက်စိကိုက်လာသည်​ကြောင့် မျက်ရိုးနှစ်ခုကြားကိုနှိပ်ကာ လက်ထဲကစာအုပ်အား ကုတင်​ဘေးသို့ချ၍ အခန်းထဲကထွက်လာ​တော့ တစ်အိမ်လုံး​မှောင်မိုက်နေ​သည်​လေ။

သူသည် ​ရေ​သောက်ရန်​အောက်ထပ်သို့ဆင်းလာရင်း ​ရေခဲ​သေတ္တာထဲမှာ ​ရေ​အေးအေးအားယူကာဖြင့် ဧည့်ခန်းတွင် သူ့မျက်လုံးထဲသို့ဝင်လာသည့်အရိပ်​ကြောင့် ကြည့်မိလိုက်ရာ ဆိုဖာ​ပေါ်ကလက်တဖက်မှာ ​အောက်သို့ကျ​နေ၍ အနားသို့သွားကြည့်​တော့ ပတ်ဂျီမင်း ဖြစ်​နေသည်​လေ။

​အိပ်​မောကျ​နေ​သော မျက်နှာနှင့် အသံရှူသံပြင်းပြင်း​တွေကိုကြား​နေသလို ရင်ဘက်​ပေါ်တွင် စာအုပ်မှာပုံမပြတ်ရှိ​နေခြင်းက စာဖတ်ရင်းအိပ်​ပျော်သွားသည်ဆိုတာအမှန်ပင်။​ဂျောင်ဂု သည်ဒူးအား​ကွေးကာဖြင့် ဆိုဖာနားတွင်ထိုင်လိုက်ရင်း ဂျီမင်း မျက်နှာကို သူ၏အသိစိတ်ကဘာကိုပြုမူလိုက်လဲမသိ​အောင် ကြည့်​နေမိသည်​လေ။နဖူး​​ပေါ်တွင်ဝဲကျ​နေ​သော ဆံနွယ်အနက်​လေးက သူ့အသားအ​ရေဖြူဖြူကြည်ကြည်​လေးနဲ့လိုက်ဖက်သည်ဟု ​ဂျောင်ဂု မှတ်ချက်​ပေးလိုက်သည်။

စားပွဲ​ပေါ်တွင် ရှုပ်ပွ​နေ​သော ​ဆေးလိပ်အပြတ်အစ​တွေက​တော့ စိတ်ပျက်ဖို့​ကောင်း​နေသလို ထို့အပြင် ​ဆေးပြားအဖြူ​​​တွေကို ​​သေသပ်စွာထုတ်ပိုးထားပြီး တစ်ချို့​သော ​ဆေးပြား​တွေက စားပွဲ​ပေါ်မှာရှိ​နေသည်​လေ။ဒီ​ဆေးပြား​တွေက ဘာ​တွေလဲဆိုတာ ​ဂျောင်ဂု သိ​နေသည်။ပတ်ဂျီမင်း လိုလူမျိုးက အ​မှောင်ထဲမှာထိုင်​နေ​သော ကျားတစ်​ကောင်လိုပင်ဆိုရမလားမသိပါ။

တစ်ခါတ​လေ ခင်ဗျား​နားမှာ​နေရတာလည်း ကိုယ့်ကိုကိုယ်လုံခြုံမှုရှိရဲလားဆိုတာ​တောင်မသိ။လွန်ခဲ့​သောနာရီတုန်းက ပတ်ဂျီမင်း​ ပြော​ခဲ့သောစကားမှာ နားထဲက​နေ​တောင်မထွက်နိုင်ဖြစ်ခဲ့သည်။ခင်ဗျားဘဝက ပြည့်စုံတာတောင် ​ပျော်ရွှင်မှုမရှိတဲ့ဘဝပါလား။ငါ့ကို အနား​ခေါ်ထားပြီး လိုအပ်သလိုလိုပြုမူ​ပြောဆိုတာ​တွေက အမှန်တကယ်မုန်းမိတယ်။အထူးသဖြင့် အထက်စီးဆန်ဆန်​ပြော​ပြောတတ်သည့် ပတ်ဂျီမင်း ကိုပင်။

SponsorDonde viven las historias. Descúbrelo ahora