အပိုင်း (၁၃)

2K 230 97
                                    

Unicode

မနက်စာထိုင်စား​နေကြ​သော ​ဂျောင်ဂု နှင့် ဂျီမင်းသည် စကားတစ်ခွန်း​တောင်မဟပဲ ​မျက်လုံးချင်း​တောင်မဆုံနိုင်ကြ​ပေ။အ​ငွေ့အသက်က စိမ်းသဲ့သဲ့ ခံစားချက်မဟုတ်​ပေမဲ့လည်း အ​ခြေအ​နေက​ကောင်းတာလား၊ မ​ကောင်းတာလားဆိုတာ ​ဘေးက ​ဂျေး တို့​တောင်မခန့်မှန်းနိုင်။

​ဂျောင်ဂု ​မန်​နေဂျာသည် ဒီ​နေ့ သရုပ်​ဆောင်​ပိုင်းဆိုင်ရာ meeting အ​ကြောင်းကို ​ပြောပြ​နေ​ပေမဲ့ ​ဂျောင်ဂု အာရုံ​တွေကတစ်​နေရာမှာပင်။မ​နေ့ညက ကိစ္စသည် ကျေနပ်စရာတစ်ကွက်မှမရှိသလို ပတ်ဂျီမင်းကိုသူလုံးဝမ​ကျေနပ်နိုင်သည့်ကိစ္စဖြစ်ခဲ့သည်​လေ။

မ​နေ့ညတွင် ဂျီမင်း၏နှုတ်ခမ်းဖျားကထွက်ကျလာ​သော စကားလုံး​တွေက စည်း​ကျော်ရန်ဖြစ်လာသည့် စကားလုံး​တွေပင်...

"မထင်ရဘူး... မဟုတ်မှ ငါနဲ့မင်း အိပ်ရာ​ပေါ်က ကိစ္စကို​​ပြောနေ​တာလားဟင် ​ဂျောင်ဂု"

ထိုသို့ဆိုရင်း ဂျီမင်းက ညာဘက်လက်ဖြင့် လက်ညိုးနှင့်လက်မထိကာအဝိုင်း​လေးလုပ်ပြပြီး ထိုအဝိုင်း​​ပေါက်​လေးကို ဘယ်လက်ညိုး ဖြင့်ထိုးပြလိုက်​​တော့၏။

ပူထူ​သွားသည့်စိတ်​တွေက မီး​လောင်ရာ​လေပင့်သလိုပဲ ​လောင်မြိုက်​တော့သည်​လေ။ပတ်ဂျီမင်းသည် ​အော်ဟစ်စွာရယ်​မောပြီး ​​ဂျောင်ဂုကိုကြည့်​နေ​သော အကြည့်​တွေက ​လှောင်​ပြောင်သလိုဖြင့်​​ပြော​နေသည်​ကြောင့် ​​ဂျောင်ဂုသည် ပတ်ဂျီမင်းအားတက်ဖိလိုက်​တော့လည်း ရယ်​နေခြင်း​မပြတ်​သောကြောင့် ​ဂျောင်ဂု၏စိတ်က ပိုမိုးအ​မှောင်ဆိုးသည့်ဘက်တော့​ရောက်​သွားသည်​လေ။

ရယ်လွန်းသည့် ပတ်ဂျီမင်းမျက်နှာ​ပြင်မှာ နီမြန်း​နေ၍ ရီ​​ဝေ​နေ​သော မျက်လုံး​တွေက အ​ပေါ်စီးကကြည့်​ရင် လှလွန်း​​နေသည်။ကောင်းသည့်စိတ်နှင့် မ​ကောင်းသည့်စိတ်က ဒွန်တွဲ​နေခြင်း​ကြောင့် သူအခု​တွေး​နေတာ​တွေက ယုတ္တိမရှိလိုက်​လေခြင်း​ဖြစ်ကာ ​ဂျောင်ဂု အံကြိတ်ထားမိသည်။

"​​ဂျောင်ဂု... မင်းကတကယ် ရှက်တတ်တာပဲ ဟား....ဟား..."

"ခင်ဗျားကိုကြာရင် ငါဘာလုပ်မိမယ်မှန်းမသိဘူး..."

SponsorWhere stories live. Discover now