Unicode
စားသောက်ဆိုင်ရောက်သော်လည်း တစ်ဆိုင်လုံးမှာ ဂျီမင်းနှင့်ဂျောင်ဂုအပြင် သက်တာ်စောင့်တွေသာရှိကြသည်။ ဂျောင်ဂုလည်း သက်ပြင်းသားချလိုက်၍ စားပွဲပေါ်တွင်ရှိသည့် ထမင်းနှင့်တခြားသော ဟင်းပွဲကမနည်းမနောရှိနေခြင်းကြောင့် ကိုယ့်ရှေ့နားက ပန်းကန်လောက်သာ ခတ်နှိုက်မိသည်။
ဂျီမင်းကတော့ သူစားစရာရှိသာ အာရုံစိုက်နေပြီး ဘာတစ်ခွန်းမှတောင်မဆိုပဲနေကာ ဂျောင်ဂု၏မျက်လုံးတွေအလိုမကျရှိနေခြင်းကိုလည်း ရိပ်မိတာကြောင့် ဘေးနားက အရက်ခွက်အားမော့လိုက်သည်။
"ဂျောင်ဂု.... စားစရာရှိတာစား မျက်လုံးကစားမနေနဲ့"
"အဲ့တာ ခင်ဗျားနဲ့မဆိုင်ဘူး"
စကားတိုင်းကို အကန့်ပြောတတ်သော ဂျောင်ဂုကြောင့် နည်းငယ်ရယ်လိုက်မိကာ ဘေးမှာရှိသော အရက်ပုလင်းအားယူ၍ ဂျောင်ဂုခွက်ထဲသို့ ထည့်ပေးလိုက်သည်။
"ငါ မသောက်ဘူး..."
"မင်းအတွက် ငါဂုဏ်ပြုတာကို အရက်ထည့်ပေးရင် မင်းဘက်ကြည်ကြည်ဖြူဖြူ လက်ခံရမှာ မင်းတာဝန်ပဲ"
ဂျောင်ဂုသည် စိတ်ရှုပ်လှတာကြောင့် စကားမများချင်၍ သူထည့်ပေးသော အရက်ကိုမော့ချကာ သောက်လိုက်သည်။
"ကျေနပ်ပြီလား..."
"ငါကလွဲလို့ ကျန်တဲ့ခွေးကောင်တွေ အရက်ငှဲ့ပေးတိုင်းမသောက်နဲ့"
ပတ်ဂျီမင်း၏ စကားလုံးတွေသည် လိမ်ညာပြောဆိုနေခြင်းဟုတ်မဟုတ်ဆိုတာ သူ့မျက်လုံးနှင့် တည်လွန်းသော မျက်နှာကိုကြည့်တာနဲ့သိနိုင်သော်လည်း ဂျောင်ဂုကတော့ ထိုကဲ့သို့မထင်။
"အဲ့ဒါက ငါ့သဘောပါ....ရှင်းရှင်းပြောရရင် ခင်ဗျားထက်တော့ သူတို့ကပိုအဆင်ပြေနိုင်တယ်လေ"
စားသောက်ဆိုင်ရဲ့ အဲ့ကွန်းသည် အေးစိမ့်မှုအဆင့်အသာရှိသော်လည်း စကားလုံးတွေကြားက လေအေးအေးလောက်တော့ မလုံလောက်သည့်အနေအထား။
ESTÁS LEYENDO
Sponsor
Fanficsponsor ဆိုတာ နောက်ကွယ်တစ်ခုကထိန်းချုပ်ထားတဲ့ လူမျိုး။ ဒါပေမဲ့ sponsor ဆိုတာ တစ်ယောက်သူအတွက်ပဲရှိနေမှာ... JIKOOK FanFiction font - Unicode and Zawgyi