အပိုင်း (၉.၂)

1.7K 248 91
                                    

Unicode


ပတ်ဂျီမင်းသည် ဆန်းဟိုကို​တွေ​ဝေစွာကြည့်​​နေရာက​​နေတခြားတဖက်သို့သို့ မျက်နှာလွှဲလိုက်ပြီး လက်ထဲမှာကိုင်ထား​သော ရှန်ပိန်ခွက်အား စားပွဲခုံ​သို့ချလိုက်၍ စိတ်၏​တွေဝေမှု​တွေကိုအလျင်အမြန်ပြန်ထိန်းလိုက်သည်။​တွေ​ဝေခြင်းမဟုတ်​ပေမဲ့ အ​​ခြေအ​နေအတိုင်းအတာက ​လေထုကိုမငြိမ်မသက်ဖြစ်​စေသည်။

ဆန်းဟိုက​တော့ ဂျီမင်းဘက်ကတစ်ခုခုကို တုန့်ပြန်ရန်​စောင့်ဆိုင်းနေရင်းဖြင့် စကားမ​ပြောဖြစ်တာကြာခဲ့ပြီ ကိုကို ၊ ဒီ​​နေ့​တော့ ကျ​တော် ကိုကို ကို့စကား​ပြောချင်မိတယ်။ ဆန်းဟိုသည် ​ဂျောင်ဂုနှင့်စကား​ပြောပြီး ​ဂျောင်ဂုသွားသည့်​ နေရာကိုကြည့်​တော့ ဂျီမင်းကိုလှမ်းမြင်လိုက်ရသည်။ ဘာလို့ ကိုကိုက ​ဂျောင်ဂုဆိုသည့်​ကောင်​လေးနဲ့အတူတူရှိနေတာ​​လေးကို မြင်လိုက်ရချိန်မှာ ပတ်ဝန်းကျင်တစ်ခုလုံးက အမြင်ကျဥ်းမြောင်းလာခဲ့သည်။ဒါ​ကြောင့် ကိုကို ​ရှေ့အားသူ​ရောက်လာခဲ့ခြင်းပင်။

​ဂျောင်ဂုက​တော့ ပတ်ဆန်းဟို နှင့် ပတ်ဂျီမင်းတို့ရဲ့ဆက်ဆံ​ရေးကဘယ်လိုပတ်သက်​နေလဲဆိုတာကို သိ​ချင်​နေမိတယ်။ ဂျီမင်းအ​ကြောင်းကို တစ်ခုမှမသိ​သော ​ဂျောင်ဂုအဖြစ်က ​ကောက်ရိုးပုံထဲအပ်ရှာသလိုပါပဲ ဘာမှကိုမသိရမမြင်ရပါ။ ဘာပဲဖြစ်ဖြစ် ဒါ​တွေက သူ့နှင့်ဆိုင်သည့်ကိစ္စမဟုတ်​ပေမဲ့ ဆန်းဟိုကြည့်လာ​သော အကြည့်​တွေက ဒေါသကိုအနည်းငယ်လှုပ်ခတ်သွား​စေခဲ့သည်။

" ကိုကို...."

တိုးငယ်လှ​သော အသံဖြင့်​ ဆန်းဟိုခေါ်လိုက်ရာ ဂျီမင်းရဲ့မျက်လုံး​တွေက ဆန်းဟိုနှင့် အကြည့်ချင်းမဆုံပဲ​ပြောလိုက်သည်။

"​တော်...​တော်​တော့ ဆန်းဟို ငါမင်းနဲ့​ပြောစရာရှိဘူး...  ​ဂျေး... ငါအပြင်ခဏထွက်မယ် "

"ကျ​တော်လိုက်ခဲ့ရမလား boss "

" မလိုဘူး...."

​ဂျေးက စိတ်ပူစွာ​မေးလိုက်​သော်ငြားလည်း ဂျီမင်းသည် ဆန်းဟိုကို စကားမ​ပြောချင်တာ​ကြောင့်  သူစိတ်ကြည်ဖို့လို့အပ်​နေပြီ​လေ။ ​ဒီတိုင်းသာကြာကြာရပ်​နေရင် ဒီခန်းမမှာ ​စိတ်ရဲ့အရှက်တကွဲ​တွေဖြစ်လာရမည်​ကြောင့် အလျင်အမြန်ပဲ ဂျီမင်းအပြင်သို့ထွက်သွားခဲ့သည်။

SponsorOnde histórias criam vida. Descubra agora