Unicode
ကားပေါ်မှာတိတ်ဆိတ်နေခြင်းကလည်း ထုံးစံအတိုင်းမဟုတ်သည်မှာက ဂျောင်ဂုပါ ကားပေါ်မှာရှိနေခြင်းဆိုရမည်။မနေ့ကထိ ဂျေးနှင့်ဂျီမင်းသည် အလုပ်အကြောင်းအား ကားပေါ်မှာပြောကြသည့်အချိန်တွေက အခုတော့တိတ်ဆိတ်နေသည်လေ။ ဂျေးကလည်း မသိမသာသလိုသိသာသလိုအနောက်ခန်းအား နောက်ကြည့်မှန်ကကြည့်နေရသည်။
ကားထဲတွင်အေးစိမ့်စိမ့် အဲကွန်းကြောင့် ဂျောင်ဂုသည်အေးသလိုလို ခုနကကိစ္စကြောင့် လားမသိ၊ နေရထိုင်ရတာတော့အဆင်မပြေပါ။ပိုဆိုးသည်က ဘေးကတစ်ယောက်မှာ ဘာမှမဖြစ်သည်ဟန်နှင့် ဘာစာအုပ်မှန်းမသိတဲ့စာအုပ်ကိုဖတ်နေသည်လေ။
" နေရထိုင်ရတာအဆင်မပြေဘူးလား ငါထပ်လုပ်ပေးရမလား "
စာအုပ်ကနေမျက်နှာမခွာပဲ ပြောနေသော ဂျီမင်းအား ဂျောင်ဂုသည် လက်သီးတင်းတင်းစုပ်ကာဖြင့် ပေဆောင်ဆောင်ကြည့်လိုက်သည်။ဂျီမင်းလည်း ဖတ်နေသည့် စာအုပ်ကိုပိတ်လိုက်ကာဖြင့် ဘေးသို့မျက်လုံးစွေကြည့်၍ပြောလိုက်သည်။
" ငါ့ကိုလုပ်ချင်နေတဲ့ မင်းစိတ်ကိုလျှော့ ... ဂျောင်ဂု "
"ခင်ဗျား!"
ဂျီမင်းစကားကဘာအဓိပ္ပါယ် ပေါက်လဲဆိုတာကို ဂျေးတို့ကပါ တံတွေးမျိုချရတော့သည်လေ။ဒေါသထွက်နေသော ဂျောင်ဂုသည် သည်းခံသည့်အတိုင်းအတာလွန်လာခြင်းကြောင့် ဂျီမင်းကော်လံအားဆွဲလိုက်တော့ ခပ်ရွဲ့ရွဲ့နှုတ်ခမ်းတွေဖြင့် ဂျောင်ဂုပြုံးလိုက်သလို ဂျီမင်း မျက်လုံးတွေကလည်း ဘာလုပ်ချင်လဲဆိုသည့်အကြည့်နဲ့ပင်။ဂျေးလည်း boss တို့ရန်ဖြစ်တော့မလားဆို၍ စိတ်ပူနေတုန်း ခဏအတွင်းမှာ ကားထဲတွင်ပို၍တိတ်ဆိတ်သွားခြင်းက ဂျောင်ဂုက ပတ်ဂျီမင်းကိုကော်လံကိုဆွဲကာ နမ်းလိုက်ခြင်းကြောင့်ဖြစ်သည်။
ဂျေးနှင့် driverသက်တော်စောင့်တွေကကြောင်တောင်တောင်ဖြစ်သွားကာ မျက်စိတွေကို အရှေ့ကိုသာပို့ထားဖို့ဆုံးဖြတ်လိုက်ရသည်။အနောက်ခန်းတွင်
ခပ်ပြင်းပြင်း နမ်းရှိုက်မှုတွေကြားကနေ လျှာခြင်းပွတ်တိုက်နေသည့် အသံတွေက ဘေးကမဆိုင်သူတွေကိုဆွဲဆောင်နိုင်သည်လေ။
ESTÁS LEYENDO
Sponsor
Fanficsponsor ဆိုတာ နောက်ကွယ်တစ်ခုကထိန်းချုပ်ထားတဲ့ လူမျိုး။ ဒါပေမဲ့ sponsor ဆိုတာ တစ်ယောက်သူအတွက်ပဲရှိနေမှာ... JIKOOK FanFiction font - Unicode and Zawgyi