အပိုင်း (၂၂)

1.7K 155 43
                                    

Unicode


တိတ်ဆိတ်လွန်းလှည့် အိမ်ထဲမှာ​တော့ ဂျီမင်း အားစိုးရိမ်မှုများဖြင့်အလုပ်ရှုပ်​နေကြသည့်​ခြေသံ​တွေကလွဲ၍ဘာမှမကြားနိုင်ပါ...

​ဂျေး ၏ရင်ခွင်ထဲမှာ ကမ္ဘာကြီးကိုအဆက်အသွယ်ပြတ်​တောက်ထား​သော သူက​တော့ဘာကိုမှမသိနိုင်​ပေ။​ဂျေး သည်မလှမ်းမကွာတွင် ရပ်​နေ​သော ​ဂျောင်ဂု ၏မျက်ဝန်းအိမ်​တွေက ငြိမ်သက်​နေသလို မြင်​ယောင်လာသည့် ​သွေး​​ရောင်အကွက်လိုက်​ကြောင့် ​ခြေလှမ်း​တွေကအ​နောက်သို့တစ်ချက်သို့​စုပ်မိသွား​သည်​လေ။

"ဘာလုပ်​​နေတာလဲ!!!​အမြန်ဆရာဝန်​​ခေါ် ကြ!!!!!!!"

အက်လ်စ် ၏အသံ​ကြောင့် အိမ်ဝန်ထမ်း​တွေမှာ အမြန်ဆုံးပြင်ဆင်​​နေကြသည်။ဒီလိုဖြစ်တာ အခုမှမဟုတ်​ပေမယ့် တစ်ခါခါ ဒီလိုမြင်ရခြင်းကသူတို့ boss အတွက်စိုးရိမ်မိသည်​လေ။ ​

​ဂျေး သည် ဂျီမင်း ၏အိပ်ခန်းဆီဝင်သွားသည်အထိ ​ဂျောင်ဂု က​တော့ထို​နေရာက​နေမခွာရ​သေးပါ။မြင်​ယောင်လာသည့် ပုံရိပ်​ယောင်​ကြောင့် ​ခေါင်းသာအတွင်တွင်ခါရင်းဖြင့် ​ပုံမှန်လက်ရှိအ​ခြေအ​နေသို့ပြန်ဆွဲ​ခေါ်လိုက်သည်။ဂျီမင်း အခန်း​ရှေ့တွင်အလုပ်ရှုပ်​နေကြသည်မို့ သူသည်လည်း အ​ခြေအ​​နေအားသိချင်မိသည်။ အခန်းနားသို့​ရောက်သွားချိန်မှာ ဟန့်တားလိုက်သည့် အက်လ်စ် ၏လက်​ကြောင့် မျက်​မှောင်ကျုံ့မိသွားသည်။

"မဝင်သွားတာ ​ကောင်းလိမ့်မယ် mr.jeon"

"ဟင့်အင်း.... ငါ သူ့ကိုကြည့်ချင်တယ်"

အိပ်ခန်းထဲသို့ မျက်လုံးများဖြင့်ကြည့်လိုက်​တော့ကုတင်​ပေါ်တွင် ​မေ့​မျော​နေ​သော ပတ်ဂျီမင်း ကို အင်္ကျီချွတ်​ပေးလိုက်သည်နှင့် ​​ပေါ်လာသည့် ဝမ်းဗိုက်နားက ​သွေးထွက်လွန်သည့်ဒဏ်ရာကြောင့် ​ဂျောင်ဂု ၏လက်ဖျား​တွေ​အေးစက်စွာတုန်ရီမိသွားသည်။​ရှေ့သို့ တစ်လှမ်းတိုးချိန်မှာ အက်လ်စ် က​တော့ဟန့်တား​နေဆဲပင်။

​အခန်းဝတွင် ​ဂျောင်ဂု နှင့် အက်လ်စ်​ ကိုမြင်လိုက်၍ ​ဂျေး သည် အခန်းထဲမှထွက်လာလိုက်​တော့သည်။

SponsorDonde viven las historias. Descúbrelo ahora