အပိုင်း (၂၅)

795 135 43
                                    

Unicode


မက်ခဲ့​သောအိမ်မက်​တွေ​ကြောင့် ​ချွေး​တွေနစ်​နေ​သော်လည်းအခန်းတံခါးအားတွန်းဖွင့်လိုက်​သောအခါပွင့်သွားအိပ်ခန်းတံခါးကြောင့် သူအလျင်အမြန်ဖြင့်ထွက်လာရင်း အောက်ထပ်အား​ကြည့်လိုက်ရာ တိတ်ဆိတ်​နေပြီး bodyguard နှစ်​ယောက်လာသာရှိ​နေသည်။

​အ​ပေါ်ထက်က​နေဒုံးဆိုင်းဆင်ချလာရာ ဂျီမင်း အခန်းထဲသို့ဝင်ရန်ကြိုးစား​နေ​သော်လည်တားမြစ်​နေ​သော bodyguard ​နှစ်​ကြောင့် ​ဂျောင်ဂု ရူးချင်လာတော့သည်။

"ဖယ်စမ်းပါ... ငါ သူ့ကိုခဏကြည့်ပါရ​စေ"

"mr.jeon အခန်းထဲပြန်သွားလိုက်ပါ... ​ဂျေးက mr.jeon ကို​​အခန်းထဲမဝင်ဖို့ကိုတားမြစ်ထားတာမို့ ကိုယ့်အခန်းကိုပဲပြန်လိုက်ပါ..."

"ဟင့်အင်း...ငါ မင်းတို့ boss ကိုဘာမှမလုပ်ပါဘူး...ငါသူ့မျက်နှာ​လေးကိုပဲကြည့်ချင်တာပါ..."

​ကွဲအပ်​နေပြီဖြစ်တဲ့အသံကိုထိန်းကာဖြင့် အနူးအညွံ့တောင်းဆို​နေ​သော်လည်း သူ့အ​ရှေ့က​​နေဟန့်တားထားသည့်လူနှစ်​ယောက်ကို စိတ်တိုလာ​​​မိ​ပေမယ့် သူဘာမှမလုပ်နိုင်။စိတ်ပင်ပန်းရသည့် အိမ်မက်​တွေ​ကြောင့်လူကယိုင်ထိုးချင်​နေပြီ။​နောက်ဆုံး​တော့လည်း ကိုယ့်အခန်းသို့ပြန်လာရတာပဲ​လေ။

​တဆစ်ဆစ်ဖြင့်ကိုက်လာသည့်​ခေါင်း​ကြောင့် ​ခေါင်းအုံးပေါ်တွင်ခေါင်းကျလိုက်ကာ အိမ်မက်ထဲက ဂျီမင်း ကိုမျက်လုံးထဲကမထွက်နိုင်။ခင်ဗျားကိုနာကျင်​စေချင်လိုတဲ့စိတ်မရှိ​ပါဘူး။မသိစိတ်ကဘာကိုအလိုမကျဖြစ်မှန်းမသိတာမို့ ငါ့အမှားငါသိပါတယ် ပတ်ဂျီမင်း။ဒါ​ပေမယ့် အခုငါကဘာ​ကြောင့်များ ခင်ဗျားတစ်ခုခုဖြစ်သွားမလားဆိုတဲ့စိတ်နဲ့ဘယ်လ်ု​နေလို့မရဘူး...ငါမှားတာမို့ ခင်ဗျားကို​တောင်းပန်မှာမို့မပြုံးလိုက်ပါနဲ့.......

ကုတင်​ဘေးတွင်ထိုင်​နေ​သော ​ဂျေး မှာအပြင်တွင် ​ဂျောင်ဂု  ​ရောက်လာသိကိုကြား၍ သူ၏ boss အားကြည့်​ရာ​​​ဆေးအရှိန်​ကြောင့်သတိမရ​သေး။ဒဏ်ရာရဲ့ချုပ်ရိုးကအများကြီးမထိသွားတာမို့တော်​သေးသည်။ဒီလိုပုံစံနဲ့ရှေ့ဆက်ပြီး mr.jeon နဲ့ဖြစ်ပါ့မလား​တောင်မသိပါ။

SponsorWhere stories live. Discover now