အပိုင်း (၅)

2K 283 148
                                    

Unicode

အိမ်သို့​ပြန်​ရောက်လာ​သော ဂျီမင်းကို စိတ်မချစွာဖြင့် ​​ဂျေးကစိုးရိမ်ပူပန်စွာအ​နောက်က​နေလိုက်​ပေမဲ့ လသာ​ဆောင်သို့ဝင်သွား​ကာ တံခါးပိတ်သွားသည်မို့ အပြင်မှာသာရပ်စောင့်​နေလိုက်ပြီး မနက်ကျရင်​တော့ ထုံစံအတိုင်း cello အသစ်​တွေကိုဝယ်​ပေးထားရ​တော့မည်။

boss အား ​သွေး​အေးတယ် ၊ဒါ​ပေမဲ့ သူဘာဖြစ်​နေတယ်ဆို​ပြောပြတဲ့ သူမဟုတ်ပဲ။အခုလို တစ်စုံတစ်​ယောက်၊ တစ်ခုခု ​ကြောင့် ​သွေးစွန်းခဲ့ရင် ​ပေါက်ကွဲထွက်​တော့မည့် မိုင်းဗုံးထက်ဆိုးသည်။ဗုံးက​တောင် အသံပိုကျယ်​​ကောင်းကျယ်နိုင်တယ် boss က​တော့ အဲ့လိုမဟုတ်။ boss ရဲ့အတိတ်အဆိုး​တွေကို သိ​နေမိ​သော်လည်း မ​မေးမိပါ။ အခုလို boss ဖြစ်​နေတာ​တွေက သူ့မိသားစု​ကြောင့်ထက် အ​မေဖြစ်သူ​ကြောင့်လို့ဆိုရမည်။

ဂျီမင်း ကအားနည်းချက်မရှိတာမဟုတ်ဘူး ။ ရှိတယ် အဲ့အားနည်းချက်က ​​သွေးမြင်လို့မရဘူး။တခုခုလုပ်​လိုက်တဲ့အချိန်မှာ ​သွေးထွက်​နေခဲ့ရင် ဘာမှမဖြစ်ခဲ့​ပေမဲ့ boss က​နောက်ကွယ်မှာ သိပ်ကိုပင်ပန်း​စေတဲ့အရာတစ်ခုဖြစ်လာခဲ့တယ်။

အခန်းထဲတွင် ​cello ​တွေကိုဖြတ်စီးထားသည့် အစအစ​တွေက ကြမ်းပြင်မှာရုတ်ပြတ်စင်းပြတ်ကိုဖြစ်​နေသလို အလှထား ထား​သော ​စျေးကြီးလှ​သည့် ပန်းအိုး​တွေကလည်း ကြမ်းပြင်​ပေါ်မှာ အဖိုးမတန်​တော့စွာ ကွဲ​နေပြီ​လေ။ ထိုကြမ်းပြင်အပုံအလည်မှာ အ​ပေါ်အင်္ကျီအဖြူ​ရောင် က ကြယ်သီး​တွေဘာတခုမှ မတပ်ထားပဲ ထိုင်​နေ​သော ပတ်ဂျီမင်းက​တော့ စာအုပ်စင်ကိုမှီထားရင်းဖြင့် ရယ်​မော​တော့သည်။

​ဆေးအရှိန်​ကြောင့် သတိလွတ်​​နေတာမဟုတ်ပဲ အနည်းငယ်သာ ​ပေါ့ပါးမှုကိုခံစားရ​ပေမဲ့ လက်​ပေါ်မှာ​ပေ​နေသည့် ​သွေးအချို့က​တော့ သူ့မျက်လုံးထဲမှာ မူး​ဝေ​စေမိသည်။ ငယ်ငယ်ထဲက ​သွေး​ကြောက်တတ်သည့် သူက အခုလိုပုံစံဖြစ်​နေခြင်းကို ဘယ်သူကထင်မိမှာလဲ။ ​​သွေးသာ​ကြောက်​ပေမဲ့ လူသတ်ဖို့​တောင်မရဲသည့်သူ့စိတ်က​တော့ အခုထိကိုမာ​နေဆဲ။

SponsorTempat cerita menjadi hidup. Temukan sekarang