Unicode
ညကဘယ်မချိန်မှန်းမသိ အိမ်ပြန်ရောက်လာသော ဂျီမင်း အားစူးစိုက်စွာ ဂျောင်ဂု ကြည့်နေမိသည်။ကော်ဖီခွက်လေးကိုင်ကာဖြင့် laptop မျက်နှာပြင်ကိုကြည့်လိုက် အလုပ်ရှုပ်နေသော သူ့ကိုစူးရဲစွာကြည့်နေသော ဂျောင်ဂုထံသို့ ဂျီမင်းသည် တပ်ထားသည့်စာကြည့်မျက်မှန်အောက်ကနေ လှမ်းကြည့်လိုက်တော့ ချက်ချင်း မျက်နှာလွှဲသွားသည်လေ။"ဂျေး...ငါ့ကောင်လေးကို ဇာတ်ညွှန်းပေးလိုက် "
"ဟုတ်ကဲ့ boss"
ငါ့ကောင်လေး ဆိုသောစကားသံကြောင့် ဂျောင်ဂုသည် စားနေသည့်ထမင်းတောင်သည်းသွားရပြီး ဂျေး ကမ်းပေးလာသော စာအုတ်အထူကိုကြည့်ပြီး အရှေ့မျက်နှာတွင် ဒါရိုက်တာကင်နမ်ဂျွန်း ရိုက်မည့်ရုပ်ရှင်ဖြစ်နေသည်လေ။
" သဘက်ခါ လူရွေးပွဲမှာ မင်းမပါမဖြစ်ပါအောင်လုပ် ... ငါ့ကိုမျက်နှာပျက်ရအောင်မလုနဲ့ ဂျောင်ဂု"
ခပ်ထန်ထန်အမိန့်စကားကို နားမထောင်ချင်ပေမဲ့ အခုချိန်မှာ သူကအလုပ်သမားဖြစ်တာကြောင့် နာခံရမည်လေ။ခေါင်းသာညိမ့်လိုက်ပြီး ပထမစာမျက်နှာအား ကြည့်နေလိုက်သည်။ ဂျီမင်းသည်လည်း တခြားသောအလုပ်ကိစ္စအကြောင်းကိုသာ ဂျေးနှင့်ပြောနေကြသည်လေ။
" ငါကဘယ်နေရာကိုပါအောင်လုပ်ရမှာလဲ ပတ်ဂျီမင်း "
ဂျီမင်းသည် အလုပ်ကိစ္စစကားပြောနေခြင်းကနေ ရပ်သွားကာ ဂျောင်ဂုဘက်သို့မျက်နှာလှည့်ကာဖြင့် ပြောလိုက်သည်။
"မင်းကမဖြစ်မနေ ပထမမင်းသားဖြစ်အောင်လုပ်ရမယ်။ ကျန်တဲ့သရုပ်ဆောင်နေရာက တခြားသူရချင်ရပါစေ။ဒါပေမဲ့ မင်းက ပထမမင်းသားနေရာကိုရအောင်ကိုလုပ်ရမယ် ဂျောင်ဂု "
စာအုပ်အားပိတ်ကာဖြင့် ဂျောင်ဂုသည်ဂျီမင်းကိုကြည့်မိရာ စူးရှနေသောမျက်ဝန်းတွေကြောင့် ဒီစကားလုံးတွေက အတည်ပြောနေခြင်းကို သူနားလည်သွားသည်။
"ဘာကြောင့်လဲ... အဲ့နေရာအတွက် ငါဖြစ်မှရမှာလား ပတ်ဂျီမင်း "
KAMU SEDANG MEMBACA
Sponsor
Fiksi Penggemarsponsor ဆိုတာ နောက်ကွယ်တစ်ခုကထိန်းချုပ်ထားတဲ့ လူမျိုး။ ဒါပေမဲ့ sponsor ဆိုတာ တစ်ယောက်သူအတွက်ပဲရှိနေမှာ... JIKOOK FanFiction font - Unicode and Zawgyi