အပိုင်း (၂)

2.3K 317 146
                                    

Unicode


ဆွဲ​ခေါ်လာသည့်​နေရာက မြို့​ပေါ်ဖြစ်သည့်​လျောက် ထိန်ထိန်လင်း​နေတဲ့မြို့ပြ အိမ်​တွေအပြင် လမ်းမတန်းက ညသ​ခေါင်မှာ တစ်စီးဆ၊နှစ်စီးဆ သာ​မောင်းနှင်ကြသည်။

အနက်​ရောက်​ကား ​ခြောက်စီး​လောက်က​တော့ ကားလမ်း​မကြီးထက်မှာ စီးတန်းစွာ​မောင်းနှင်လျက်။ဂုဏ်တန်းမြင့်လွှာချက်က စီးတဲ့ကားတောင် လူတိုင်းက​ခေတ်နဲ့အညီ အသစ်အသစ်​တွေစီးကြ​ပေမဲ့ Mercedes G-63 AMG limited edition က​တော့ အံ့​သြစရာ​ကောင်းလှသည်။ ကိုယ်​ရှေ့ခန်းမှာထိုင်​နေသူကား ​ကားထဲမှာ​တောင်​ ပတ်ဂျီမင်းတို့က ဆေးလိပ်​သောက်မပျက်ပဲ ipad တစ်လုံးနဲ့သာအလုပ်ရှုပ်​နေသည်​လေ။

​ဂျောင်ဂု​ဘေးနားတွင်ထိုင်​​နေသည့် လက်ပါး​စေ​တွေကလည်း ​တစ်ချက်​တောင်မလှုပ်ပဲ ရှိ​နေသည်။ဒါ​ပေမဲ့ ဂျီမင်း​ဘေးနားကသူက​တော့ တော်ရုံအဆင့်မဟုတ်ပဲ စကားစမြည်ပြောဆို​နေသည်​လေ။

"အဲ့စာချုပ်ကို ဥက္ကဠ ​ပေးဖို့လုပ်လိုက်ရမလား boss "

"လုပ်လိုက် ​ဂျေး... မနက်ဖြန် ငါ့​လာ​တွေ့မယ်ဆိုတာလဲ​ပြောလိုက် "

"ဟုတ်ကဲ့ boss"

ပတ်ဂျီမင်း ​​ပြောဆို​နေပုံကိုကြည့်ခြင်းအားဖြင့် ​လူတစ်​ယောက်​ယောက်ကိုပြော​ခြင်းဖြစ်မည်။ ပတ်ဂျီမင်း ဆိုတာ စီးပွား​ရေး၌ နာမည်ကြီးသည်ကမဆန်း ။ တချို့ဆိုင်လာ​ သောက်စားကြသည့် လူအချို့က​ သူ့လုပ်ကိုင်ပုံ​တွေက ​တော်​ကြောင်း​ပြောတုန်းက​တော့ ဟုတ်​လောက်မယ်ထင်တာ အခု​တော့တခြားစီပါ လားလို့​ဂျောင်ဂု သည်​ခေါ်၍ပြလိုက်ချင်မိတယ်။

တစ်​​နေရာတွင် ရပ်လိုက်​သော​ကြောင့် ကား​အ​ပေါ်ကအဆင်းတွင် ကားတံခါးအားလာဖွင့်​ပေး​သော ကျန်​သောလက်​အောက်ငယ်သားတချို့။ ပတ်ဂျီမင်းသည် ​ရှေ့က ဦး​ဆောင်သွား​​နေသည့်လမ်းမှာ ကျန်​သော သက်​တော်​စောင့်​တွေကလည်း အသီးသီးဖြင့်​နောက်ကလိုက်သွားကြသည်။

မြင့်မားလှသည့် အ​ဆောက်အဦးကို​မော့ကြည့်လိုက်ပြီး ထိုအ​ဆောင်အုံထဲသို့​ရောက်လာခဲ့သည်။ lift ထဲတွင် ပတ်ဂျီမင်းက​တော့ ခပ်တည်တည်သာ အ​ရှေ့တွင်ရပ်​နေပြီး ​​ဂျောင်ဂုက​တော့ အ​နောက်မှာရှိ​​​နေသည်​လေ။အ​ရှေ့က ပတ်ဂျီးမင်းက သူ့ထက် အရပ်ပုလှ​သော​​ကြောင့် တချက်​တော့ရယ်လိုက်မိသည်။လူ​ကောင်​သေး​သေးနဲ့ သြဇာ​မောင်းထကြွ​နေမှုကြီးက မလိုက်ဖက်လိုက်တာလို့​ပြောလိုက်ချင်​​သေးသည်။

SponsorDove le storie prendono vita. Scoprilo ora