အပိုင်း(၁၉)

2.2K 187 68
                                    

Unicode

မနက်​စော​စောစီးစီဖြင့် ​အိမ်ဝန်ထမ်း​တွေက အရင်​ရောက်​နေကြသလို ​​ဂျေး သည်လည်း ထုံးစံအတိုင်းလာခဲ့​ပေမယ့် boss ၏အ​ခြေအ​​နေကို မ​နေ့ထဲကရိပ်မိ​နေတာ​ကြောင့် အခုထိအခန်းထဲကမထွက်လာသေးသည်မို့ ​စောင့်​နေမိသည်​လေ။အိမ်၏အ​ခြေအ​နေကိုကြည့်မိရာ အခုမှရိပ်မိတာက ဆိုဖာ​တွေသည် အသစ်ဖြစ်​နေသည်​လေ။

တံခါးဖွင့်သံ​ကြောင့် boss အခန်းထဲက ထွက်လာ​သော အိမ်ဝန်ထမ်းမိန်းက​လေး​တွေမှာ အိပ်ရာခင်း​တွေအားကိုင်၍ ထွက်သွားသည်​လေ။​​ဖြစ်နိုင်တယ်လို့ထင်လိုက်မိ​ပေမယ့် တကယ်​ရောဖြစ်နိုင်ပါ့မလားဟာ​တွေးမိတာ ဒီတစ်ခါ boss ကိုသူထင်​တောင်မထင်။​ဂျေးသည် စဥ်းစား​တွေးခန်းဖွင့်​နေပြီး အ​နောက်သို့မသိမသာကြည့်မိ​တော့ သူ့လိုတခြား​သော သက်​တော်​စောင့်​တွေမှာ အ​တွေးကိုယ်စီနဲ့ပင်။

"boss က တကယ်ပဲလား"

"ဖြစ်နိုင်တယ်.... အခုဘယ်အချိန်ရှိ​နေပြီ မင်း စဥ်းစားကြည့်စမ်း...အရင်က ငါတို့အရင်မ​ရောက်ခင် boss က အခန်းထဲမှာ အဆင့်သင့်ဖြစ်​နေပြီး မနက်စာ​တောင်စား​နေပြီ​လေ"

"ဟုတ်​တော့ဟုတ်သား.... mr.jeon က​တော့ ကမ္ဘာ​ပေါ်မှာ luckiest man လို့​ပြောရမလား"

"ကြည့်ပါလား ဧည့်ခန်းက ဆိုဖာအ​ကောင်းစားက အခုဘယ်နားဘယ်လို​ရောက်ပြီး အခုအသစ်စက်စက်က ​ရောက်လာရတာလဲ"

တီးတိုးစကား​တွေအများစုက ​ဂျေး၏​နောက်လိုက်​တွေပင်။ချီဟွန်း နဲ့ အယ်လ်စ် လည်းနားသာစွင့်၍နား​ထောင်​ပေမယ့် စကားတစ်ခွန်း​တောင်မဟမိ။မှန်​သောသစ္စာတရားက​တော့ ဖြစ်စပ်မှန်ကိုအသးစိပ်ကျကျသိချင်တာပင်။ mr.jeon ကို သူတို့နှစ်​ယောက်​မေးရင်လည်း မျက်နှာ​ချော​ချော​ပေါ် လက်သီးစာမိ​မည်​လေ။

"တိတ်တိတ်​နေကြစမ်း boss ကြားရင်မင်းတို့မလွယ်ဘူး"

​ဂျေး သည်လှမ်း၍သတိ​ပေးလိုက်​တော့မှ ငြိမ်ကျသွားကြသည့်စကားသံ​​တွေက တိတ်သွားကာ အခန်းထဲကထွက်လာ​သော boss ကို​​​ခေါင်းငုတ်နှုတ်ဆက်ကြသည်။​တော်​သေးသည်က ထိုစကား​တွေကို ဂျီမင်း မကြားလိုက်ပါ။

SponsorWhere stories live. Discover now