Unicode
ဆေးလိပ်လေး တငွေ့ငွေ့ဖြင့် စားပွဲပေါ်က ဖိုင်တွေအားကြည့်ပြီး computer တွင်ဝင်လာသည့် email အားဖွင့်ကြည့်လိုက်သည်။ဂျီမင်း သည်သူ့အလုပ်နှင့်ပတ်သက်လျှင်တိကျပြီး လစ်ဟာမှုမရှိအောင်လုပ်တတ်သူဖြစ်သလို၊တိတိကျကျလုပ်ကိုင်သူ ဖြစ်တာကြောင့်တော်ရုံသူများက mr.park jimin နဲ့ဆို အလုပ်အတူတူလုပ်ကိုင်ချင်သူကများကြသည်လေ။
ငယ်ငယ်ရွယ်ရွယ်နဲ့ စီးပွားရေးလောကကိုဦးဆောင်သူဖြစ်နေတာကြောင့် မည်သူတစ်ယောက်မျှက မြေလှန်မရဲကြ။အပေးရှိလျှင်အယူရှိသလို၊ဆုပေးဒဏ်ပေးစနစ်ကိုလည်း ပတ်ဂျီမင်း ကကျင့်သုံးသည်။
'ဒေါက်...ဒေါက်...ဒေါက်...'ဆိုသည့်အသံကြောင့် ဂျေးသည် အခန်းတံခါးအားအနည်းငယ်ဟလိုက်ကာ သူ၏တပည့်ဖြစ်သူက တိုးတိုးဆိုလိုက်၏။ဂျေး သည်ထပ်ဆင့် ဂျီမင်းအား အကြောင်းပြန်ရန်ပြင်လိုက်သည်လေ။
"boss...mr.kim taehyung...ရောက်...."
"babe boss!!!!!"
ပြောလို့တောင်မဆုံးသေးဘူး တံခါးအားအတင်းတွန်းဖွင့်ကာဝင်လာသော ထယ်ယောင်း ကြောင့် သက်တော်စောင့်တွေမှာလည်း ဖမ်းဆွဲ၍မရလိုက်ချေ။ဂျီမင်းသည် ထယ်ယောင်း အားကြည့်ပြီး စိတ်ပျက်သွားကာဖြင့် ဂျေး ကိုမျက်လုံးဖြင့်ကြည့်တော့ အရိပ်အကဲသိသည့် ဂျေးက ချက်ချင်းအခန်းတည်းကထွက်ကာ အရက်ခွက်ပြင်ဆင်ဖို့ လုပ်လိုက်ရသည်။
"မင်း company ကိုသွားတော့ မင်း ဒီနေ့မလာဘူးဆိုလို့ ငါလိုက်လာတာ"
ဆိုဖာတွင်ထိုင်လိုက်၍ စားပွဲပေါ်အား ခြေထောက်တင်လိုက်သော ထယ်ယောင်း။ ဂျီမင်း သည် ထိုင်နေရာကနေထလာရင်းဖြင့် ဆိုဖာတွင်ထိုင်လိုက်ကာ စားပွဲပေါ်တွင်တင်ထားသည့် ထယ်ယောင်း ခြေထောက်ကိုကြည့်ကာ ပြောလိုက်သည်။
"ဒါမင်း အိမ်မဟုတ်ဘူးနော် ထယ်ယောင်း"
"အို... sorry ပါကွာ..."
ပြောရင်းဖြင့် တင်ထားသည့် ခြေထောက်ကို အလျင်အမြန်ချကာ ပျင်းတိပျင်းယွဲထိုင်လိုက်သော ထယ်ယောင်း ကို ဂျီမင်း စိတ်ပျက်စွာဖြင့် စားပွဲပေါ်၌တင်ထားသော Sobranie စီးကရက်ကိုယူကာ ဖွာလိုက်တော့၏။
YOU ARE READING
Sponsor
Fanfictionsponsor ဆိုတာ နောက်ကွယ်တစ်ခုကထိန်းချုပ်ထားတဲ့ လူမျိုး။ ဒါပေမဲ့ sponsor ဆိုတာ တစ်ယောက်သူအတွက်ပဲရှိနေမှာ... JIKOOK FanFiction font - Unicode and Zawgyi