အပိုင်း (၁၆)

1.3K 169 28
                                    

Unicode

​ဂျောင်ဂု သည် ​​ရေစလက်ဖြစ်​နေသည့် ​ခေါင်းကိုပုဝါဖြင့်သုတ်​နေကာ တစ်အိမ်လုံး​မှောင်​နေ​ပေမယ့် သူ့အခန်းနှင့် ​အောက်ထပ်က မီးအလင်း​ရောင်​ကို မြင်လိုက်ရတာမို့ အခန်းတံခါးကိုဖြည်းဖြည်းဖွင့်ရင်း ​အောက်ထပ်တွင် ဘယ်သူများရှိ​နေမလဲဆိုပြီးကြည့်မိရာ ပတ်ဂျီမင်း အလုပ်လုပ်​နေတာကို​တွေ့လိုက်ရသည်။

အချိန်မှာ ည (၂) နာရီ ​ကျော်​ကျော် ရှိ​နေတာမို့ ​ဂျောင်ဂု လည်း ​ရေ​သောက်ချင်စိတ်နှင့်​အောက်ထပ်သို့ဆင်းလာ​တော့ ဂျီမင်း ကိုမကြည့်ဘဲ ​မီးဖို​ချောင်ကိုသာ တန်းတန်မတ်မတ်သွား​တော့သည်။

ဂျီမင်း သည်​ခြေသံကိုကြားသည်မို့ ​ဂျောင်ဂု မှန်းသိ၍ တစ်ချက်​တောင် သူ့ကိုမကြည့်ပဲ ​မီးဖို​ချောင်မှာ​ရေသောက်​နေ​တာကို မြင်​နေရသည်​လေ။​ဂျောင်ဂု သည်လည်း ကြည့်​နေ​သော မျက်ဝန်းတွေကိုသိ​နေ​ပေမယ့် လစ်လျူရှု့ကာ​နေလိုက်တယ်။

"​ဂျောင်ဂု.... အိပ်မ​ပျော်ဘူးလား...."

အခန်းပြန်ရန်အတွက် လှမ်း​နေသည့်ခြေ​ထောက်တွေက အခု​တော့ ထိုလူ့အသံ​ကြောင့်ရပ်မိသွားပြီ​လေ။မ​တွေ့ချင်တာထက် ပတ်ဂျီမင်း နှင့်ဘာစကားမှမ​ပြောချင်တာ ပိုမှန်​နေလိမ့်မည်။

"အခု အိပ်မလို့..."

စကားကိုအမြန်ဖြတ်ဖို့ ကြိုးစားလိုက်​ပေမယ့် ရုတ်တရုပ် ရယ်သံတိုးတိုးတိုး​လေးအားကြားလိုက်ရသည်မို့ ဂျီမင်းကို ကြည့်လိုက်ရာ ဝါကျင်ကျင်မီးအိမ်​အောက်မှာ  မျက်နှာရှင်းရှင်း​လေးကိုမြင်ရပြီး  သွားဖြူဖြူ​လေးတွေ​ပေါ်​အောင် ရယ်​​နေသည်​​လေ။​တွေးမိ​နေသည့် အ​တွေး​​ကြောင့် နှလုံးသားက သ​ဘောကျစွာ လက်ခံ​နေမိပြန်သည်​။

ဘာ​ကြောင့် ဒီလိုအပြုံး​တွေပိုင်ဆိုင်ထားတဲ့သူက စကား​ပြောကလည်းကြမ်းပြီး မထင်ရင်မထင်ထားသလို လုပ်တတ်သည့်အပြုအမူ​တွေ ရှိ​နေရတာလဲဆိုတာ နားမလည်နိုင်။​​

SponsorWhere stories live. Discover now