အပိုင်း (၉.၁)

1.7K 247 84
                                    

Unicode


ခပ်သြသြအသံနဲ့ ကိုယ့်ကိုကိုယ်ဆွဲ​ဆောင်မှုရှိ​အောင် ​ပြော​နေ​သော ​​ဂျောင်ဂုကို အသက်မပါတဲ့အပြုံးနဲ့ ဂျီမင်းကြည့်​နေ​တော့ မျက်ခုံးတန်း​တွေ မ​ကျေနပ်ဟန်ရှိသွား​သော ​ဂျောင်ဂု။

" ဟက်... အခုမင်းလုပ်​နေတဲ့ ပုံက မင်းနဲ့လိုက်မဖက်ဘူး ဂျွန်​ဂျောင်ဂု "

ခါး​ပေါ်ကလက်​တွေကို ဂျီမင်းက ဖယ်ထုတ်လိုက်ခြင်းမပြုပဲ waiter တစ်​ယောက်က ရှန်ပိန် ခွက်ကိုလာကမ်း​ပေးတာကိုယူလိုက်​ကာဖြင့် ​ဂျောင်ဂု အနားသို့ကပ်၍ဆိုလိုက်သည်။

" ဂျွန်​ဂျောင်ဂု... မင်းအစထဲက​ပြောသင့်တာ ဒါမှန်းသိ ငါပွဲဖြတ်လိုက်ပါတယ် "

ဂျီမင်းသည် ဘာမှဆက်၍မ​​ပြောကာ ရှန်ပိန်​လေးက အာခံတွင်းထဲ​ရောက်သွားကာဖြင့် ဘာမှမရှိ​​တော့တဲ့ ဖန်ကွက်ကို စားပွဲ​ခုံတွင်တင်လိုက်ပြီး​ သိချင်​​နေ​သော​ဂျောင်ဂုကို နောက်ထပ်စကားကိုပြန်ဆက်လိုက်သည်။

" ခါးကိုင်ပြီး အိပ်ယာပေါ်သွားချင်တယ်... အခုပွဲကမစ​သေး​တော့ အိမ်ပြန်ကြမယ်​လေ ​ဂျောင်ဂု"

"ခင်ဗျား!!!"

အ​နှောင့်အသွားမလွတ်​​သောစကား​ကြောင့် ချက်ချင်း​ပင်​ ဂျောင်ဂုလက်​တွေက ဖြုတ်ချလိုက်​တော့သည်။​ဒေါသထွက်​​နေ​သော ​ဂျောင်ဂုမျက်ဝန်း​တွေ​ကြောင့် ဂျီမင်း သည်ခပ်ပြုံးပြုံးဖြင့် ရယ်လိုက်​၍ အနားမှာရှိ​နေသည့် ဧည့်သည်​တွေက ခိုးကြည့်ကြ​တော့သည်။​​ တကွက်​ရွေ့ရင် အဲ့တစ်ကွက်လိုက်ပိတ်နိုင်တဲ့ ကျားကွက်ကစားနည်းလိုပဲ။ ​သေချာတာ စစ်တုရင်ကစားပွဲမှာ ပတ်ဂျီမင်းက ဘုရင်​နေရာကိုယူထားတာပဲလို့​ဂျောင်ဂု​​​တွေးမိသည်။

​ဘေးပတ်ဝန်းကျင်ကို ​ဂျောင်ဂု ကြည့်ပြီး ဂုဏ်သ​ရေရှိလှသည့် အသိုင်းအဝိုင်းကြားထဲ​က လူ​တွေကိုကြည့်၍ စိတ်ပျက်မိတာအမှန်။သူကိုယ်တိုင်နှင့် မအက်ဆက်သည့်​နေတစ်ခုဖြစ်​နေလို့လား​တော့မသိပါ။ အထူးသဖြင့် ​ဘေးက ပတ်ဂျီမင်းကို​ပေါ့။ ဒီလိုပွဲမှာ​တောင် ​ပြောထွက်လာသည့်စကား အ​တော်ကိုလိုက်ဖက်​နေမှုမရှိ။​ ဘာပဲဖြစ်ဖြစ်သူကိုယ်တိုင်စလိုက်သည့် အပြုအမူ​ကြောင့် ​ ​ဒေါသကို​​​ဖြေ​လျော့လိုက်ရသည်။

SponsorWhere stories live. Discover now