Unicode
ကြည်လင်နေတဲ့ကောင်းကင်ထပ်မှာ အုံ့မှိုင်းနေတဲ့မိုးသားတွေ တက်လာသောကြောင့် ဂျီမင်းသည် ကိုယ်စားလှယ်ဘတ် တင်ပြထားသော စာရွက်စာတမ်းတွေကိုလက်မှတ်ထိုးနေရင်း စိတ်ဆိုတာကလည်း ရာသီဥတုကိုလိုက်ပြီး မကြည်လင်သောကြောင့် ဖောင်တိန်အားစားပွဲပေါ်သို့ပစ်ချလိုက်ရင်း ထိုင်နေရာကနေ ဖန်တွေဖြင့်ကာထားရာ တစ်မြို့လုံးကိုမြင်ရသည့်မြင်ကွင်းက js company ကအဆောက်အဦးများစွာထဲမှာအမြင်ဆုံးဖြစ်ရာ အဝေးသိူ့လှမ်းကြည့်ရင်း ခေါင်းအားရှင်းရန်ကြိုးစားလိုက်သည်။
ရှုပ်ထွေးနေတဲ့ သူ့ဘဝထဲမှာ တွယ်မက်စရာကောင်းလှသည့်အရာမရှိပေ။ဖိတ်ခေါ်ရင်ခြေသလုံးဖက်ကာ တွယ်တက်ကြမယ့်သူတွေက အနားမှာတဝဲလည်လည်လုပ်နေတတ်တဲ့ သွေးစုပ်ချင်တဲ့ခြင်တွေလိုပဲ။ဟက်...ဘဝက ဖြောင်းဖြူးနေတဲ့ကားလမ်းလို့ဆိုရပေမဲ့ အမြန်မောင်းရင်လည်းသေတတ်တာပဲလေ။
ဂျီမင်းသည် ခုံပေါ်ကမီးခြစ်ကိုယူလိုက်ပြီး sobranie စီးကရက်အား မီးညှိကာ မှုတ်ထုတ်လိုက်ရင်း ဖုန်းအားထုတ်ကြည့်လိုက်တော့ noti တက်နေသည့် သတင်းက ဂျောင်ဂု၏လူရွေးပွဲအတွက်အရွေးခံရသည့်ပုံတွေပင်။သေချာကြည့်မိရင် ဒီကောင်လေးပုံစံကို မသိစိတ်ကသိနေသလိုကြောင့် ရုပ်တူတာတွေက ကမ္ဘာပေါ်များစွာရှိကြတာပဲမဟုတ်လား။
ဖုန်း screen အား scroll လုပ်ရင်း comment တွေကိုဖတ်မိလိုက်တော့သည်။ပတ်ဂျီမင်းတို့က sns ကို သေချာအချိန်ပေးပြီးကြည့်တဲ့သူမဟုတ်ပေမဲ့ ဒီတစ်ခါမှာ သူ့အတွက်အချိန်တွေက ပိုလိုနေ၏။
ရေးထာသော စကားလုံးတွေထဲမှာ 'mr.park ရဲ့ အသစ်လား' 'ကိုယ်တွေ mr.park ကတော့ ရွေးတတ်ပါလား' 'ချောလိုက်တာ' 'mr.park ကပံ့ပိုးထားတာဆိုတော့လည်း support ရမှာ ငါတို့တာဝန်ပေါ့' ဆိုသော စာသားအများများကြောင့် ဂျီမင်းသည် တိုးတိတ်စွာပြုံးလိုက်မိတော့သည်။
လူတိုင်းလိုလို ပတ်ဂျီမင်း၏ ကိစ္စသေးသေးမွှားမွှားတွေကအစ စိတ်ဝင်တစားရှိတေကြသည်မှာ မထူးဆန်းပါ။
YOU ARE READING
Sponsor
Fanfictionsponsor ဆိုတာ နောက်ကွယ်တစ်ခုကထိန်းချုပ်ထားတဲ့ လူမျိုး။ ဒါပေမဲ့ sponsor ဆိုတာ တစ်ယောက်သူအတွက်ပဲရှိနေမှာ... JIKOOK FanFiction font - Unicode and Zawgyi