အပိုင်း (၂၃)

1.2K 146 64
                                    

Unicode


ဒီကိစ္စကို ဘယ်သူဘယ်ဝါလက်ချက်လဲဆိုတာသိလိုက်ရခြင်းက တစ်ဦးတည်း​သောဖခင်၏လက်ချက်ပင်လို့ဆိုရမည်။ဘယ်အချိန်တည်းက သူ့အိမ်က bodyguard ကို​ငွေနဲ့ဖျားခဲ့လည်းမသိပါ၊အခု​တော့ဖခင်ဖြစ်သူ​ကြောင့် ထို bodyguard ခဗျာ​ပျောက်ချင်းမလှပဲဖြင့် ​ဂျေး ကလက်စ​ဖျောက်လိုက်​တော့သည်။

​ဒေါသအရိပ်​ယောင်မရှိ​သော ဂျီမင်း မျက်နှာကအလွန်သွေး​အေး​နေသည်​လေ။တစ်ချက်​လောက်လစ်ဟာသွားတာနဲ့ အ​ဖေကသူ့ပိုင်နက်ကို​ရောက်​ရောက်လာတာ အ​တော်ကိုမ​သေးသည်ပင်။လူဆိုတာ​လောဘရှိ​တော့လည်း သားဖြစ်သူကိုသတ်လိုက်လည်းဝန်မ​လေးဘူး​လေ။​မေမေ့တုန်းကလို​ပေါ့.....

ဒီကိစ္စကိုကိုင်တွယ်ဖို့က သူကိုယ်တိုင်လုပ်စရာအ​ကြောင်းမရှိတာ​ကြောင့် ​ဂျေး ကအစအဆုံးလုပ်​ဆောင်သွားမည်​။အ​ဖေကတစ်ကွက်​ရှေ့တိုးလျှင် သူ့ဘက်ကလည်းအကွက်ပြန်​​ရွေ့ဖို့ကလွယ်လွန်းသည်။အ​ဖေနဲ့သူ စစ်တုရင်ကစရားတာကို သိပ်သ​ဘောကျသည်မဟုတ်လား။

"ငါ စုံစမ်းခိုင်းတဲ့ကိစ္စ​ရော...."

"boss စုံစမ်းခိုင်းတဲ့ သားဖြစ်သူက​ပျောက်​နေတယ်လို့ ကျ​တော်ထင်တယ်။ကျ​တော် နယ်ဘက်ကလူလွှတ်ပြီး​စုံစမ်းခိုင်းတာ​တော့ ဟီမွန်းနဲ့သူသားက ညဘက်ကြီးထွက်သွားတာမြင်ပြီးတည်းက ဘာသတင်မှမကြားရဘူးလို့​ပြောကြ​ပေမယ့် တစ်ချို့က​​တော့ သားအမိနှစ်​ယောက်လုံးဆုံးသွားတယ်လို့​​ပြောတယ် boss အဲ့​နေ့ညကမြင်တဲ့သူတစ်​ယောက်​ပြောတာ​တော့ ကားတစ်စီးကသပ်သပ်ဖြတ်တိုက်သွားတယ်လို့​လည်းပြောတယ် boss"

​တိကျတဲ့အ​ဖြေမရှိ​ပေမယ့် ​ဒီကိစ္စက​နောက်​ကြောင်းအစုံကိုပြန်လိုက်ရမလိုဖြစ်​နေသည်​လေ။အန်တီကဒါဆို အ​ကြောင်းမဲ့​သေသွားတာမဟုတ်ဘူးဆိုတဲ့သ​ဘောလား။ဂျီမင်း သည်သူ့လက်သည်း​တွေကိုအ​ရေပြားထိနစ်ဝင်​အောင် အနည်းငယ်တင်းချက်​စွာစုပ်လိုက်သည်။

"ဒီ​လောက်ဆိုအဲ့အ​ကိစ္စက ငါ့အ​ဖေနဲ့ဆက်စပ်​နေ​လောက်ပြီ ​ဂျေး...​မြင်ခဲ့တဲ့သူကို မင်းကိုယ်တိုင်သွား​တွေ့ပြီး ငါ့စီကိုခေါ်လာခဲ့ ​ဂျေး..."

SponsorWhere stories live. Discover now