[Unicode]
🫧မြစ်နှစ်စင်းရဲ့အဏ္ဏဝါ🫧
(အပိုင်း-၃)
🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧
ခါတိုင်းလိုပဲ ကျောင်းထဲဝင်လာတော့ စာအုပ်ကိုပဲကြည့်နေမိတဲ့ မွေ့ဟာ အရှေ့မှပိတ်ရပ်လာတဲ့ တစ်စုံတစ်ခုကြောင့် တန့်သွားရတယ်။
မွေ့ မော့ကြည့်မိတော့...
"ဆရာ"
"မောနင်း မွေ့သံလွင်"
ဘယ်သူဘယ်ဝါနဲ့မှ မောနင်းလို့ မနှုတ်ဆက်ဖူးတာမို့ မွေ့ ကြောင်သွားရတာအမှန်။မွေ့ ဆရာ့ကိုပြန်မောနင်းရမလား။ဆရာ့နှုတ်ဆက်စကားကို ပြန်ပြီး responseလုပ်ဖို့ရာ မွေ့ မရဲ။
"ဟုတ်"
နောက်ဆုံး ပြန်ပြောမိတာက ဟုတ်တဲ့။
"ကိုယ့်စကားကိုနားမထောင်ဘူးပဲ၊"
"ဟင်..."
"လမ်းသွားရင် လမ်းမှာပဲအာရုံထားပါဆိုတာလေ၊စာအုပ်ပိတ်ထားလိုက်ပါ၊ဘာလို့များ ကြည့်လိုက်တိုင်း စာအုပ်နဲ့မျက်လုံးမခွာရတာလဲ၊စာကို တော်တော်ကြိုက်လား၊"
မွေ့ စာအုပ်ကို ပိတ်လိုက်ပြီး...
"စာကိုကြိုက်တဲ့လူလို့ ရှိလို့လား ဆရာ၊ကျွန်တော် လူတွေကို အာရုံမစိုက်ချင်လို့ စာကိုအာရုံပိုစိုက်လိုက်တဲ့သဘောပါ၊စာက ကျွန်တော့်ကို အကျိုးရှိစေတယ်လေ ဒုက္ခမပေးဘူး၊"
"ဒါပေမယ့် အချိန်တိုင်းကြ..."
"လူတွေကို စိတ်ရူးပေါက်ပြီး စိတ်ဝင်စားမိသွားမှာ စိုးလို့ပါ ဆရာ၊စိတ်ဝင်စားမိတာနဲ့ နှုတ်ဆက်ရမယ်၊နှုတ်မဆက်ရရင် သတိထားမိနေမယ်၊"
မွေ့ စကားတွေ အခုလောက်အထိ အများကြီးပြောလေ့မရှိပေမယ့်လည်း ဆရာ့ကို သူငယ်ချင်းအဖြစ် လက်ခံထားမိတာမို့ မတတ်နိုင်။
"ထူးဆန်းတဲ့ကောင်လေးပဲ၊"
"ဆရာ့မှာအချိန်ရှိပါသေးတယ်၊"
"ဘာကို..."
"ကျွန်တော်နဲ့ သူငယ်ချင်းဖြစ်ရင် ဆရာ ပျင်းရမှာမို့ နောက်ဆုတ်ဖို့အချိန်၊"
YOU ARE READING
RomanceLove Is The Sweetest Poison. Love Is An Inescapable Bond. (Unicode+Zawgyi)