[Unicode]
🫧မြစ်နှစ်စင်းရဲ့အဏ္ဏဝါ🫧
(အပိုင်း-၆)
🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧
ညွှန်းရဲ့အခုပုံစံက သိပ်ကို ကို့ရို့ကားယားနိုင်နေမည်ထင်၏။ပုဆိုးက သိပ်ဝတ်တတ်တာဆိုတော့ ဝတ်ထားမိတဲ့ ပုဆိုးက ရင်ခေါင်းအထိတက်နေပြီ။
ဘုရားသွားရမှာမို့ ကိုကိုက အတင်းဝတ်ခိုင်းနေ၍ ညွှန်းမှာ မဝတ်ချင်ဝတ်ချင်။
"ဆရာ ဘုရားပန်းဝယ်ဦးမလား၊"
ကိုကိုက လိုက်သွားပေးလိုက်ဆိုလို့သာ လိုက်လာခဲ့ရတယ်။အမှန်ဆို ဒီနေ့ အားလို့ မုန့်လုပ်စားမို့ကို။
"ဝယ်လေ ချာတိတ်၊ယတြာချေရမှာမို့ သပြေနဲ့စံပယ်ဝယ်လိုက်၊"
ဟွန့် ချာတိတ်လို့မခေါ်ပါနဲ့ဆိုနေကာမှ တချာတိတ်တည်းချာတိတ်နေတာပဲ။ညွှန်းလည်း ဘုရားမုဒ်ပေါက်မှ ပန်းသည်ဆီမှာ သပြေတစ်စည်းနဲ့ စံပယ်သုံးကုံးလောက်ဝယ်လိုက်တယ်။
တကယ်တော့ ညွှန်းက လိုက်ချင်လွန်းလို့ ပါလာတာမဟုတ်သလို ဆရာက ခေါ်တာလည်းမဟုတ်။ဆရာက ကိုကို့ကို ဘုရားသွားစရာရှိတယ်ပြောတာကို ကိုကိုက ညွှန်းကိုခေါ်သွား၊ဒီကလေး ဘုရားတရားမလုပ်၊ဘုရားမရောက်ဖြစ်တာကြာလို့တဲ့။ဟွန့် ညွှန်းက ညအိပ်တိုင်း ဘုရားရှိခိုးပြီးမှ အိပ်တာပါနော်။
"ဆရာ ယတြာချေနေလေ၊ညွှန်းက ဟိုနားဒီနား..."
"မရဘူး အတူလိုက်ချေပေး၊"
"ညွှန်းက..."
"ဘုရားပေါ်မှာ စကားမများနဲ့၊"
ရားးး တကယ်ပါပဲ။သူ့ကိုထားခဲ့ပြီးတော့ ဘုရားဝန်းထဲက တစ်ခုခုသွားဝယ်စားမို့ပါဆိုနေကာမှ။
ဆရာက လက်ကနေဆွဲကာ အတူရေသပ္ပာယ်စေတာမို့ ညွှန်းမှာ ယက်ကန်ယက်ကန်နဲ့။ညွှန်းက ရှေ့ကရောက်နေပြီး ဆရာက ညွှန်းနောက်မှာမို့ ညွှန်းရဲ့လက်ကို ဆရာက လှမ်းကိုင်ထားတော့ ညွှန်းက ဆရာ့ရင်ခွင်ထဲရောက်နေပြီး ဆရာက ညွှန်းကို ဖက်ထားသယောင်ယောင်။
ဟင် နေစမ်း...ဘာလို့ရင်ခုန်နေတာလဲ။မဟုတ်သေးပါဘူး မဖြစ်သင့်ဘူး။
YOU ARE READING
RomanceLove Is The Sweetest Poison. Love Is An Inescapable Bond. (Unicode+Zawgyi)