[Unicode]
🫧မြစ်နှစ်စင်းရဲ့အဏ္ဏဝါ🫧
(အပိုင်း-၃၄)
🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧
"ကိုကို...မနက်စာ မစားတော့ဘူးလား၊"
ညကတည်းက ဆရာက ညွှန်းကို စကားသိပ်မပြော။အခုလည်း ညွှန်းရဲ့နံဘေးမှ ဖြတ်သွားလျက် နှုတ်ပင်မဆက်။
ညွှန်း မေးလိုက်တော့ ဆရာက ရပ်သွားလျက်...
"ဝယ်စားလိုက်မယ်၊"
"ညွှန်းက ကိုကို့ကိုစားစေချင်လို့ တကူးတက ထလုပ်ထားတာကို၊"
ဆရာက လှည့်ကြည့်လာတယ်။ဆရာ့မျက်နှာက အလိုမကျနေတာတောင်မှ ကြည်ရှင်းကာ ချောမောနေဆဲ။
"ညွှန်း တောင်းပန်ပါတယ် ကိုကိုရယ်၊တကယ် နောက်တစ်ခါ ထပ်ပြီးတော့ ဒဏ်ရာရမလာစေရပါဘူး၊"
မနေ့ညက မွေ့သံလွင်တို့အိမ်သွားပြီး ရလာတဲ့ မျက်နှာပေါ်ကဒဏ်ရာတွေကြောင့် ဆရာက ဂရုဏာဒေါသလေးနဲ့ စိတ်ဆိုးနေတာပင်။
"ညွှန်း ဒဏ်ရာရတိုင်း ကိုယ့်ရင်ထဲမှာ ဘယ်လောက်နာကျင်ရလဲသိလား၊ညွှန်း ကိုယ့်စကားကိုအလေးမထားဘူး၊"
"မဟုတ်ပါဘူးနော်၊တကယ် မတတ်သာလို့ ဖြစ်ခဲ့ရတာပါ နော်...ကိုကို့...၊"
ဆရာ့လက်ကလေးကို ဆုပ်ကိုင်လျက် ချစ်စဖွယ်ဆိုမိတော့ ဆရာက သက်ပြင်းချကာ ခုံမှာ ဝင်ထိုင်လေရဲ့။ညွှန်း သိသားပဲ၊ဆရာက ညွှန်းကိုဆိုရင် ဘယ်တော့မှ ကြာကြာစိတ်မဆိုးရက်။
"ထပ်ပြီး ထိခိုက်လာရင် ညွှန်းကိုထိခိုက်အောင်လုပ်တဲ့ ဘယ်သူ့ကိုမဆို ကိုယ်က ပြန်ထိခိုက်အောင် လုပ်မိတော့မှာ၊"
"မဖြစ်စေရတော့ပါဘူး နော်၊ပြီးတော့ ကိုကို့လိုလူအေးလေးက ဒီရန်ပွဲထဲမှာ ဝင်မပါရပါဘူး၊ကိုကို့ကို ဘယ်လိုနည်းနဲ့မှ အထိခိုက်ခံမှာမဟုတ်လို့၊ညွှန်းကလေ ကိုကို့ကို အများကြီးချစ်တာ၊"
ထိုင်နေတဲ့ဆရာ့ကို အနောက်မှ သိုင်းဖက်လျက် ခပ်ချွဲချွဲလေးဆိုမိတော့ ဆရာက သဘောတကျ ပြုံးလာလေရဲ့။
လိမ်ညာတာတော့မဟုတ်ပါဘူး ကိုကို။ကိုယ့်ကိုယ်ကိုယ် မထိခိုက်စေရဘူးဆိုပေမယ့် လုပ်သင့်လုပ်ထိုက်တာလုပ်ရင်း အနည်းငယ်ပြန်ထိမိရင်တော့ ကိုကိုက နားလည်ပေးပါ။
![](https://img.wattpad.com/cover/331507175-288-k247690.jpg)
BINABASA MO ANG
RomanceLove Is The Sweetest Poison. Love Is An Inescapable Bond. (Unicode+Zawgyi)