၁၃

294 23 3
                                    

[Unicode]

🫧မြစ်နှစ်စင်းရဲ့အဏ္ဏဝါ🫧

(အပိုင်း-၁၃)

🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧

"မွေ့...ဟို ဟိုလေ..."

မွေ့ အခန်းထဲမှာ စာကြည့်နေတုန်းမှာ အန်တီကြူက တံခါးခေါက်ကာဝင်လာပြီးတော့ မျက်နှာက စိုးရိမ်တကြီးနဲ့။

"ဘာဖြစ်လို့လဲ အန်တီကြူ၊"

"ခေတ်ဆန်...ခေတ်ဆန် ရောက်နေတယ်၊"

"ဟင်!"

မွေ့ လက်ထဲက ဘောပင်လ်လေးမှာ ဆတ်ခနဲလွတ်ကျသွားရလေတယ်။သူတို့သားမိက ဒီနေရာကို သိနိုင်မှာသိပေမယ့် လိုက်မလာလို့ထူးဆန်းနေတာ။အခုမှ ဘာလို့ရောက်လာသလဲမသိ။

မွေ့ စိတ်ကိုလျှော့လိုက်ပြီး လက်သီးကို ခပ်ကျစ်ကျစ်ဆုပ်ကာ အခန်းထဲက ထွက်လာခဲ့တယ်။ဧည့်ခန်းထဲကိုရောက်တော့ ‌ထိပ်ဆုံးရှိဆိုဖာမှာ အခန့်သားထိုင်နေတဲ့ ခေတ်ဆန်ကို တွေ့ရ၏။

ခေတ်ဆန်က မွေ့ကိုမြင်တာနဲ့ သူ့လက်ထဲမှ ဗိတ်လို့ခေါ်သလား...ဘာလားမသိတဲ့ ဆေးလိပ်အစားထိုးသောက်စရာကို တစ်ချက်ဖွာလျက် ခပ်ရွဲ့ရွဲ့ပြုံးတယ်။

"မွေ့သံလွင် မွေ့သံလွင်...ငါတို့နဲ့ဝေးပြီး ပျော်နေတယ်ပေါ့လေ၊"

"အခုချက်ချင်း ငါ့အိမ်ထဲကထွက်သွား!"

မွေ့ သူနဲ့‌ ဘာစကားတစ်ခွန်းမှမပြောချင်တာမို့ လက်ညှိုးထိုးလျက်သာ သူ့ကို ချက်ချင်းနှင်လိုက်တယ်။ခေတ်ဆန်က မထီပြုံးပြုံးကာ ဆိုဖာမှထရပ်လေရဲ့။

"ဟင်း...သွားမှာပါ၊သိပ်ကြောက်မနေပါနဲ့၊အခုအချိန်မှာတော့ ငါမင်းကို ဘာမှမလုပ်သေးပါဘူး၊အဟက်! နောက်ကျရင်တော့ လုပ် သတ် ပစ်မယ်!"

ခေတ်ဆန်က ညစ်ညမ်းတဲ့စကားလုံးတွေကို ခပ်ပြုံးပြုံးပြောလျက် မွေ့ရဲ့ပါးကို ညှစ်ဖို့ကြံတာမို့ မွေ့လည်း ဆတ်ခနဲ ခေါင်းကို ရှောင်လိုက်တယ်။

ခေတ်ဆန် ထွက်သွားလေတော့မှ မွေ့လည်း ဆိုဖာပေါ်ကို ဘုန်းခနဲထိုင်ချမိလိုက်ရတယ်။အန်တီကြူက တံခါးလိုက်ပိတ်ပြီးတော့ ပြန်လာကာ မွေ့နံဘေး ဝင်ထိုင်လျက် မွေ့ရဲ့ပုခုံးကို ကြင်ကြင်နာနာ ဆုပ်ကိုင်ပေးတယ်။

မြစ်နှစ်စင်းရဲ့အဏ္ဏဝါ(မြစ်နှစ်စင်းရဲ့အဏ္ဏဝါ)Where stories live. Discover now