၂၇

241 13 0
                                    

[Unicode]

🫧မြစ်နှစ်စင်းရဲ့အဏ္ဏဝါ🫧

(အပိုင်း-၂၇)

🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧

"နေနေ...နေမကောင်းသေးတာကို ဘယ်သွားမလို့လဲ၊"

ကားပေါ်တက်ဖို့ပြင်နေတဲ့ နေနေက လှည့်ကြည့်လာကာ...

"ညွှန်း နေမကောင်းဘူးဆိုလို့သွားမလို့၊"

"ဘာ!"

မနက်စောစောမှာ ကြည်နေတဲ့စိတ်လေးပင် ပျောက်ပျက်ရပါရဲ့။အကုသိုလ်ပေးလွန်းပါတဲ့ ညွှန်းစစ်တောင်း။

"မသွားနဲ့၊"

"မင်းစကားကို ငါကနားထောင်မယ်လို့ ဘယ်လိုဦးနှောက်နဲ့ ထင်ရက်တာလဲ၊"

"မင်းကိုပြောနေတယ်နော် နေနေ၊မသွားနဲ့လို့၊"

နေနေက မွေ့ရဲ့စကားကို ဂရုမစိုက်စွာ။ကားပေါ်တက်ကာ မောင်းထွက်သွားလေတယ်။မွေ့လည်း လက်ထဲမှ ပန်းပင်ရေးလောင်းတဲ့ ရေကရားကိုပစ်ချကာ အိတ်ကပ်ထဲမှဖုန်းကို အလျင်အမြန် ထုတ်ယူလိုက်တယ်။

"ဟယ်လို သရ...အခုပဲ လှုပ်ရှားလိုက်၊အေး ဘာလက်စလက်နမှမကျန်စေနဲ့၊ဘဝသေရုံဆိုပေမယ့် လူသေသွားလည်း ကိစ္စတော့မရှိပါဘူး၊"

ပြောပြီးဖုန်းချလိုက်သည်နဲ့ မွေ့လည်း ကျေနပ်စွာပြုံးမိရတယ်။

ညွှန်းစစ်တောင်း...မင်းအတွက်တော့ စိတ်မကောင်းပေမယ့် မင်းမရှိတော့မှ ဖြစ်မှာ။မင်းအမေအတွက်စိတ်မပူပါနဲ့။အန်တီက ငါ့မေမေရဲ့အချစ်ဆုံးသူငယ်ချင်းပဲလေ။ငါစောင့်ရှောက်ပေးမှာပါ ဟင်းဟင်း။

ငါမင်းကို တားခဲ့ပါသေးတယ် နေနေရဲ့။မင်းကမှ ငါ့ကိုမလေးစားတာ။အဲ့ဒီတော့ အကျိုးဆက်က မင်းသိပ်ချစ်ပါတယ်ဆိုတဲ့ကောင် ဘဝပျက်ရတော့မှာပေါ့။

"ဟားဟား ဟားဟား"

ရူးသွပ်သောရယ်သံသည် ခြံဝန်းအတွင်း ပျံ့နှံ့လို့။ချောမောသောမျက်နှာနုနုကလေးနဲ့ ကောင်ငယ်လေးဟာ ဘာလို့များ ရက်စက်ရသလဲလို့ တွေးရင်တော့ ဖြေပါ့မယ်။

လိုအပ်တာထက် ပိုချစ်မိသွားလို့ပေါ့။

//// //// ////

မြစ်နှစ်စင်းရဲ့အဏ္ဏဝါ(မြစ်နှစ်စင်းရဲ့အဏ္ဏဝါ)Where stories live. Discover now