၂၀

288 13 1
                                    

[Unicode]

🫧မြစ်နှစ်စင်းရဲ့အဏ္ဏဝါ🫧

(အပိုင်း-၂၀)

🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧

"သားကြီး...နေမကောင်းဘူးလား၊မျက်နှာလည်း မလန်းဘူး၊မှန်း...ကိုယ်တော့ မပူပါဘူး၊"

နွားနို့တစ်ခွက်လာပို့ရင်း သိဒ္ဓိကိုကြည့်ကာ မေးလာလျက် မေကြီး‌က သိဒ္ဓိရဲ့နဖူးကို စမ်းကြည့်လာလေတယ်။

"အလုပ်ကိစ္စလေးတစ်ခု မေးလ်ဝင်လာတာ၊အဆင်မပြေလို့ပါ မေကြီး၊"

"ဟင် ဟုတ်လား၊ကိစ္စက တော်တော်ကြီးလား သား၊"

မေကြီးက သိဒ္ဓိရဲ့ကုတင်ပေါ်ဝင်ထိုင်ရင်း စိတ်ပူပန်စွာမေးလာလေတော့ သိဒ္ဓိလည်း ပြောပြဖို့ပြင်မိတယ်။သိဒ္ဓိတို့ ငယ်ငယ်ကတည်းက ဘာကိစ္စပဲကြုံကြုံ ညီကိုနှစ်ယောက်လုံးက မေကြီးကိုပြောပြကာ ရင်ဖွင့်တိုင်ပင်နေကြမို့။

"နည်းနည်းကြီးတယ် ပြောရမယ် မေကြီး၊သားတာဝန်ယူခဲ့တဲ့ သင်္ဘောပေါ်မှာ ပစ္စည်းတစ်ခုက ပြဿနာတက်လို့ မေကြီး၊အဲ့ဒါ ရှင်းဖို့အတွက် မနက်ကြ သား ရုံးကိုသွားမှရမယ်၊"

"အေးကွယ် မေ့သားကြီးက တော်ပါတယ်၊သေချာကိုင်တွယ် ဖြေရှင်းနိုင်မှာ၊အဓိကက စိတ်အေးအေးထားပြီးတော့ ပြဿနာကို ဖြေရှင်း၊စိတ်လောနေရင် အမှားများတတ်တယ်၊"

"ဟုတ်ကဲ့ မေကြီး၊စိတ်ပူစရာတော့မရှိနိုင်ပါဘူး၊တကယ်လို့ နစ်နာဆုံးရှုံးမှုက တကယ်ရှိနေရင်တော့ နည်းနည်းပါးပါးတော့ အလျော်ပေးရမှာပေါ့၊"

"ကဲပါ နွားနို့လေးသောက်ပြီး စောစောအိပ်၊မိသားစုကိုသိတတ်တဲ့ သားကြီးက ဘယ်လိုဒုက္ခမှမရောက်နိုင်ပါဘူး၊"

မေကြီးက အားပေးပြီး ထွက်သွားတော့ သိဒ္ဓိလည်း သက်ပြင်းချကာ ဖုန်းကို ကောက်ယူလိုက်တယ်။ဆက်ဆက်ကို ခနနေမှ ဖုန်းပြန်ခေါ်မယ်လို့ ပြောထားတာလေ။ဆက်ဆက်ကိုတော့ ဒီအကြောင်းတွေ ပေးမသိချင်။ချစ်သူဆိုပေဦးတော့ သူ့ကို အပူမပေးချင်သလို ဆက်ဆက်က ကိုယ့်ညီအရွယ်ကလေးတစ်ယောက်။သူက ဘာနားလည်ဦးမှာမို့လဲ။

ဒီတိုင်း အလုပ်ကိစ္စနဲ့ ခရီးခနသွားရမယ်လို့ပဲ ပြောခဲ့လိုက်တော့မယ်။

မြစ်နှစ်စင်းရဲ့အဏ္ဏဝါ(မြစ်နှစ်စင်းရဲ့အဏ္ဏဝါ)Where stories live. Discover now