[Unicode]
🫧မြစ်နှစ်စင်းရဲ့အဏ္ဏဝါ🫧
(အပိုင်း-၂၉)
🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧
"မင်းဘာလာလုပ်တာလဲ၊"
ဆေးရုံရဲ့ကားပါကင်မှာဖြစ်၏။သရက တစ်ကိုယ်လုံး All Back ဝတ်ဆင်ထားပြီး မတ်စ်တပ်ထားတဲ့အပြင် ဟူဒီအင်္ကျီမှခေါင်းစွပ်ကိုပါ စွပ်ထားသေးရဲ့။
"တောင်းပန်ပါတယ် မွေ့၊တာဝန်ကျေအောင် မလုပ်ပေးနိုင်ခဲ့တာ၊"
"အဲ့အကြောင်းကို အစကို မဖော်နဲ့တော့၊မရှိသလိုထားလိုက် ကြားလား၊"
"ဟုတ် အခုက အရေးတကြီး အသိပေးစရာ ရှိလို့ပါ၊"
"ဘာလဲ ပြော၊"
သရက ဘေးဘီကို တစ်ချက်ဝေ့ဝဲကာ လူရှင်းမရှင်း အကဲခတ်လိုက်ပြီးမှ...
"အခု သာကျော်ထွန်းဆွေကို ကားနဲ့တိုက်ပြီး ထွက်ပြေးသွားတာကလေ အဲ့ဒါ...ဟို အဲ့ဒါ ငါ့လက်ချက်ရယ်၊"
"ဘာ!!!"
မွေ့ တကယ့်ကို အထိတ်တလန့်ဖြစ်သွားမိရတယ်။အံ့ဩခြင်းနှင့်အတူ အလန့်တကြားအော်မိတော့ သရအက္ခရာက ခေါင်းလေးငုံ့နေလျက်။
"ဖြစ်ပုံက ဒီလိုပါ..."
//// //// //// ////
လွန်ခဲ့သော တစ်ရက်ခန့်က...
သရလည်း စိတ်ရှုပ်ထွေးစွာပင် ကားကို ဦးတည်ရာမဲ့ မောင်းနှင်လာခဲ့မိတယ်။သူခိုင်းတာကို မအောင်မြင်ဘူးဆိုတာသာ မွေ့သိရင် သရကို စိတ်ဆိုးမှာ။
ဘာလုပ်လို့ဘာကိုင်ရမှန်းပင်မသိ။
ဟင်!
ကားကို လမ်းဘေးမှာထိုးရပ်ကာ စိတ်ညစ်နေတုန်း မြင်လိုက်ရတဲ့သူတစ်ယောက်ကြောင့် သရရဲ့မျက်လုံးတွေ လက်ခနဲဖြစ်သွားရတယ်။
အဲ့ဒီကောင်လေး သာကျော်ထွန်းဆွေ။သူက ညွှန်းစစ်တောင်းရဲ့ချစ်သူမလား။
အတွေးနှင့်အတူ ကားသော့ကိုဖွင့်ကာ စက်နှိုးလိုက်မိတယ်။ညွှန်းစစ်တောင်းကို ထိခိုက်အောင်မလုပ်နိုင်ခဲ့ပေမယ့် သူချစ်ရတဲ့ သူတစ်ယောက်ယောက်ကို ထိခိုက်အောင်လုပ်နိုင်ရင် သူ့ကို နာကျင်စေမှာပဲ။ဒါဆိုရင် မွေ့ကလည်း သရကို အနည်းနဲ့အများတော့ ကျေနပ်မှာ။
![](https://img.wattpad.com/cover/331507175-288-k247690.jpg)
YOU ARE READING
RomanceLove Is The Sweetest Poison. Love Is An Inescapable Bond. (Unicode+Zawgyi)